ဇွန် - ၁ ( တနင်္ဂနွေနေ့ )
အီရန် နျူကလီးယားလက်နက်ထုတ်လုပ်မှု အစီအစဉ် ရုပ်သိမ်းရေးသဘောတူညီချက် နဲ့ ပတ်သက်ပြီး အမေရိကန်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေချိန်တွင် တစ်ဘက်မှာကလည်း ယူရေနီယံသန့်စင်မှု ထုတ်လုပ်ခြင်းကို တိုးမြှင့်လိုက်ကြောင်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ ရဲ့ မေလ ၁၇ ရက်နေ့ အစီရင်ခံစာတွင် အီရန်နိုင်ငံ၌ သန့်စင်သော ယူရေနီယံ ၄၀၈ ဒသမ ၆ ကီလိုဂရမ် သို့မဟုတ် ပေါင် ၉၀၀ ကျော် ပိုင်ဆိုင်ထားကြောင်း ဖော်ပြပါရှိပါတယ်။ အဲ့ဒိပမာဏက ဖေဖော်ဝါရီလတုန်းက တိုင်းတာထားတာထက် ၅၀ % နီးပါး တိုးလာတာပဲဖြစ်ပါတယ်။ မနှစ်က ဒီဇင်ဘာလအတွင်း IAEA ရဲ့ တိုင်းတာချက်အရ အီရန်သည် နျူ့လက်နက်အဖြစ် အသုံးပြုနိုင်သည့် ယူရေနီယံ သန့်စင်မှု ၉၀% သတ်မှတ်ချက်သို့ လျင်မြန်စွာ ချဉ်းကပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
တကယ်လို့သန့်စင်မှုက ပြီးမြောက်သွားပြီးဆိုရင် နျူကလီယားလက်နက် ၁၀ လုံးလောက် ထုတ်လို့ရပြီ ဖြစ်ပါတယ်။ အီရန်ရဲ့ လက်ရှိအဆင့်က ယူရေနီယံကိုသန့်စင်ပြီး ထုတ်လုပ်နိုင်တဲ့ တစ်ခုတည်းသော နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံ မဟုတ်တဲ့ နိုင်ငံဖြစ်နေပါတယ်။ “အီရန်ရဲ့ မြင့်မားတဲ့ ကြွယ်ဝတဲ့ ယူရေနီယံ ထုတ်လုပ်မှုနဲ့ စုဆောင်းမှု သိသိသာသာ တိုးလာတာဟာ စိုးရိမ်စရာပါပဲ” လို့ IAEA ညွှန်ကြားရေးမှူးချုပ် ရာဖေးဂရော့စီ က ပြောကြားခဲ့ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost
No comments:
Post a Comment