နိုင်ဂျီးရီးယားမှာ ရုတ်တရက်ရေကြီး လို့ လူ ၁၅၀ ကျော် သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ဂျီးရီးယားမှာ ရုတ်တရက်ရေကြီး လို့ လူ ၁၅၀ ကျော် သေဆုံး



ဇွန် - ၁ ( တနင်္ဂနွေနေ့ ) 

နိုင်ဂျီးရီးယားနိုင်ငံ၊ မိုခွာတွင် နှစ်ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရုတ်တရက် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၅၁ ဦး သေဆုံးခဲ့တယ်လို့ သတင်းရပါတယ်။  နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာ ၏ အနောက်ဘက် ၂၃၅ မိုင်အကွာတွင် တည်ရှိပြီး လူဦးရေ ၄၁၆,၀၀၀ ကျော်ရှိသည့် မြို့တွင် သေဆုံးသူဦးရေ တိုးလာဖွယ်ရှိကြောင်း BBC သတင်းဌာနက စနေနေ့တွင် ဖော်ပြခဲ့ပါတယ်။ လျှပ်တပြက်ရေကြီးမှုသည် သောကြာနေ့ က ဖြစ်ခဲ့တာပါ။

နိုင်ဂျာပြည်နယ် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီက ကနဦးတွင် သေဆုံးသူ ၁၁၅ ဦးရှိသော်လည်း အရေအတွက်ကို ၁၅၁ သို့ ပြန်လည်ပြင်ဆင်ခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် သေဆုံးသူများ ထပ်မံတွေ့ရှိ နိုင်သေးတယ်လို့ ဆိုပါတယ်။  ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် မြို့အောက်ဘက်မှာ စီးဆင်းနေတဲ့ နိုင်ဂျာမြစ်အတွင်းသို့ ရေလွှမ်းမိုးမှုကြောင့် ရေဘေးဒုက္ခသည်များစွာ၏ ရုပ်အလောင်းများကို မျောပါသွားခဲ့ပါတယ်။ 

လျှပ်တပြက်ရေကြီးမှုကြောင့် အိမ်ခြေ ၅၀၀ ကျော်နှင့် လူပေါင်း ၃၀၀၀ ကျော် ရေလွှမ်းမိုးခံခဲ့ရကြောင်းကို သိရှိလိုက်ရတဲ့ အချိန်က ဒေသခံအာဏာပိုင်များ အံ့အားသင့်ခဲ့ရပါတယ်၊ မိသားစုဝင်များစွာရဲ့ အသက် ဆုံရှုံးခဲ့ရပါတယ်။ စုစုပေါင်း ၁၁ ဦးကို ကယ်ဆယ်ပြီး နယ်မြေခံဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရပါတယ်။ မုန်တိုင်းမတိုက်မီတွင် ဒေသအလိုက် ရေလွှမ်းမိုးမှုဖြစ်မည်ဟု ခန့်မှန်းထားသော်လည်း ပြင်းထန်မှုက ရုတ်တရက်ဖြစ်သွားပြီး မြို့ကိုလွှမ်းမိုးသွားတာပါ။  

"ကျွန်တော်တို့ တံခါးတချို့ ခေါက်ခွင့်ရပေမယ့် လူတွေ မလွတ်မြောက်ခင်မှာ ရေလွှမ်းမိုးမှု ဖြစ်ခဲ့ပါပြီ" ဟု ဆိုင်ပိုင်ရှင် အူမာဂျေး က မီဒီယာတွေကို ပြောသွားပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)