ချမ်းအေးသာစံမြို့နယ် ပရိယတ္တိသာသနဟိတအသင်းကြီးတွင် သီးခြားစာသင်တန်း နှူတ်ထောက် (အာဂုံ) ပြန်ဆိုပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းအေးသာစံမြို့နယ် ပရိယတ္တိသာသနဟိတအသင်းကြီးတွင် သီးခြားစာသင်တန်း နှူတ်ထောက် (အာဂုံ) ပြန်ဆိုပွဲ ကျင်းပ


ချမ်းအေးသာစံ၊ ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်ရှိ ပရိယတ္တိသာသနာဟိတ အသင်းအတွင်း၌ သီးခြားစာသင်တန်း နှူတ်ထောက် (အာဂုံ) ပြန်ဆိုပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီချိန်တွင် ကျင်းပခဲ့သည်။

ပရိယတ္တိသာသနာဟိတအသင်းကြီးမှ နှစ်စဥ်ကြီးမှူးကျင်းပခဲ့ရာ (၁၁၉)ကြိမ်မြောက် နယုန်လ စာလျှောက်မေးခမ်း သီးခြားစာသင်တန်း နှူတ်ထောက်(အာဂုံ)ပြန်ဆိုပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ဇွန်လ ၂၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါ စာလျှောက်မေးခမ်းသီးခြားစာသင်တန်း နှူတ်ထောက်(အာဂုံ)ပြန်ဆိုပွဲကို မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၄ နာရီအထိ​​ ကျင်းပသွားမည်ဖြစ်ပြီး တစ်ရက်လျှင် သံဃာ(၆၀) ပါးဖြေဆိုမည်ဖြစ်ရာ စုစုပေါင်းသံဃာ (၁၈၀)ပါး ဖြေဆိုသွားမည်ဖြစ်သည်။ စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရန်အတွက် လိုအပ်သည်များကို ပရိယတ္တိသာသနာဟိတအသင်းကြီး၏ ဥက္ကဋ္ဌကြီးများ၊ နာယကများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။


ချမ်းမြေ့မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)