ကြံခင်း၊ ဇွန် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်၊ ပုံပြင်ပြော၊ ဥာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခြေခံပညာမူလတန်းကျောင်း(မြို့မမြောက်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ကျော့ ကေသွယ်ရှင်းက အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ၊ ပြိုင်ပွဲများ ကျင်းပရခြင်း နှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် "လူငယ်နှင့် မူးယစ်ဆေးဝါး" ခေါင်းစဥ်ဖြင့် ဟောပြောပြီး၊ ဒုတိယဦးစီးမှူး ဒေါ်မေသဉ္ဇာနှင်းက လူငယ်နှင့်စာကြည့်တိုက်ခေါင်းစဉ်ဖြင့် ဟောပြောကြသည်။ ဆက်လက်၍ မူလတန်းအဆင့် ကဗျာရွတ်၊ ပုံပြင်ပြောနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ကျင်းပ ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီးဝင်ရောက် ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင် သားငယ် သမီးငယ်များအား မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က အမှတ်ရလက်ဆောင်များပေးအပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ လာရောက်ကြသည့်ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment