ပေါင်၊ ဇွန် ၂
မွန်ပြည်နယ် ပေါင်မြို့နယ်၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက စတင်ပြီး အခြေခံပညာကျောင်းများ အားလုံး ဖွင့်လှစ်ပညာသင်ကြားပေးရာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ပေါင်မြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိစေရန်အတွက် မေ(၂၂)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မြို့နယ်အတွင်းရှိ (ထက်၊ လယ်၊ မူ) အခြေခံပညာကျောင်းများအားလုံး တွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးခဲ့ရာ အခြေခံပညာကျောင်း (၁၆၃) ကျောင်းတွင် ကျောင်းအပ်လက်ခံခဲ့သည့် ကျောင်းသားဦးရေ စုစုပေါင်း (၄၄၀၄၄) ဦးရှိ၍ ကျောင်းအပ်နှံမှုရာခိုင်နှုန်း ( ၈၂ ) ဒသမ ( ၆၈ )ရှိသည်။
ပေါင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ကျောင်းသူများကို ပညာ သင်ကြားပို့ချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး(ပူးတွဲတာဝန်) ဒေါ် နွယ်နွယ်အေး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အခြေခံပညာ ကျောင်းများသို့ သွားရောက်ကွင်းဆင်းကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ကျောင်းလုံခြုံရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment