မိတ္ထီလာ၊ ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် (၁၄မိုင်၊ ၃ဖာလုံနှင် ၄ဖာလုံကြား)တွင် ၂.၆.၂၀၂၅ ရက်နေ့၊ ၀၃ ၃၀ အချိန် Express ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး (၆)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ (၁၁)ဦး ရှိကြောင်း သိရသည်။
အခင်းဖြစ်ပွားရာသို့ မိတ္ထီလာခရိုင်မီးသတ်စခန်းမှ Rescue & Towing ပိုလန်ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ် (၁)စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ သေဆုံးသူ (၆)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၁၁)ဦးတို့အား ကြက်ခြေနီသူနာတင်ယာဉ်၊ ပြည်သာယာ(တောင်)လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်တို့ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment