နေပြည်တော်၌ အကြိမ် (၇၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်၌ အကြိမ် (၇၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ ကျင်းပ


နေပြည်တော်၊ ဇွန် ၂

အကြိမ် (၇၀) မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို စနေနေ့ (၃၁-၅-၂၀၂၅) ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးပညာပေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်က မိုးရွာသွန်းမှုမမှန်ခြင်း၊ ကာလကြာရှည်စွာ စိုက်ပျိုးထုတ်လုပ်မှုကြောင့် မြေဆီလွှာအားနည်းလာခြင်း၊ အရင်းအနှီးကုန်ကျစရိတ်မြင့်တက်နေသော်လည်း သီးနှံရောင်းဈေးအာမခံချက်မရှိခြင်း၊ ခေတ်မီနည်းပညာများအသုံးပြုလိုသော်လည်း နည်းကျလမ်းမှန်အသုံးမပြုနိုင်ခြင်းတို့ကို တောင်သူများ နေ့စဉ်ရင်ဆိုင်နေကြရကြောင်း၊ ပညာရှင်များက လမ်းပြအကြံပေးသူ (Facilitators) အဖြစ် အတွေ့အကြုံများ၊ စိုက်ပျိုးနည်းများ၊ ပြဿနာများကို အတူတူဆွေးနွေးပြီး တောင်သူ့လယ်ကွင်းထဲ၌ပင် အတူတကွစမ်းသပ်လေ့လာသည့် ပူးပေါင်းပါဝင် ဆောင်ရွက်သော သုတေသနနှင့် ပညာပေးခြင်း (Participatory Research and Extension) စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ခြင်းဖြင့် လယ်သမားများ၏ စွမ်းရည်မြှင့်တင်ခြင်း၊ ဒေသအလိုက် ကိုက်ညီသော နည်းပညာများဖွံ့ဖြိုးခြင်း၊ ဆုံးဖြတ်ချက်ချရာတွင် ပိုမိုပါဝင်ခြင်း၊ ရေရှည်တည်တံ့သော ထုတ်လုပ်မှု မြင့်မားလာခြင်းတို့ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တောင်သူများနှင့် ဆွေးနွေးပွဲတက်ရောက်လာကြသူများ၏ မေးမြန်းချက်များနှင့် ပတ်သက်၍ ဒုတိယဝန်ကြီးက ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများ၊ စိန်ခေါ်မှုများနှင့် အောင်မြင်ရန်အချက်များ၊ အတူဖွံ့ဖြိုးရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်းပြောကြားသည်။

ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ သုတေသီနှင့်ပညာရှင်များနှင့် နေပြည်တော်ကောင်စီနယ်မြေမှ တောင်သူ ၆၅ ဦးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်များမှ ပညာရှင်နှင့် တောင်သူ ၁၅၀ တို့က zoon point (၁၀၀) မှ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)