ဟင်္သာတ၊ ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (ဒုတိယနှစ်ဝက်) ပညာသင်ကာလနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်(ပထမနှစ်ဝက်)ပညာသင်ကာလ ပုံမှန်အတန်းများကို ဇွန်လ ၂ ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါ အတန်းများဖွင့်လှစ်သင်ကြားနေမှုတို့ကို ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာခိုင်ခိုင်စန်း၊ ဒုတိယပါမောက္ခချုပ်များနှင့် သင်တန်းရေးရာဌာနမှ တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများ၏ ကျောင်းတက်ရောက်မှုအခြေအနေများကို သင်ကြားရေးဌာနများအလိုက် ပါမောက္ခ(ဌာနမှူးများနှင့် အတူလိုက်လံကြည့်ရှုပြီး ရင်းရင်းနှီနှီးတွေ့ဆုံနှုတ်ဆက်စကားပြောကြားခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိအဆင့်မြင့်ပညာသင်ကျောင်းများနှင့် အခြေခံပညာသင်ကျောင်းများလည်းဖွင့်လှစ်လျက် ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာအတန်းများအလိုက် အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment