ရှမ်းပြည်နယ်စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် အေးသာယာစက်မှုဇုန်ရှိ ထိခိုက်ပျက်စီးသည့် Steel Filo ပြုပြင်ရန် ဆောင်ရွက်ထားမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် အေးသာယာစက်မှုဇုန်ရှိ ထိခိုက်ပျက်စီးသည့် Steel Filo ပြုပြင်ရန် ဆောင်ရွက်ထားမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး







တောင်ကြီး၊ ဇွန် ၄

ရှမ်းပြည်နယ် စက်မှုဇုန်ဖော်ဆောင်ရေးနှင့် ကြီးကြပ်ရေးဒေသဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ တောင်ကြီး၊ အေးသာယာစက်မှုဇုန်ရှိ စိန်ငွေမြ ပြောင်းအခြောက်ခံစက်ရုံ၏ တန် (၈၀၀၀) ဆံ့ ပြောင်းသိုလှောင် သည့် Steel Filo ထိခိုက်ပျက်စီးမှု ပြုပြင်ရန် ဆောင်ရွက်ထားမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့အား စိန်ငွေမြ ပြောင်းအခြောက်ခံစက်ရုံတာဝန်ခံက စက်ရုံ၏ လက်ရှိဆောင်ရွက်ထားရှိမှုများနှင့် Steel Filo ထိခိုက်ပျက်စီးမှုအား ပြပြင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးက ထိခိုက်ပျက်စီးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်ကာ စက်ရုံလုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရန်လိုအပ်ကြောင်း၊ ကြုံတွေ့နေရသော အခက်အခဲများရှိပါက လုပ်ငန်းအဆင်ပြေချောမွေ့စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် အဖွဲ့သည် ရှမ်းပြည်နယ်၊ တောင်ကြီး၊ အေးသာယာ စက်မှုဇုန်ရှိ ဓာတ်အားခွဲရုံ တည်ဆောက်မည့် စီမံကိန်းနေရာအား သွားရောက် ကွင်းဆင်းကြည့်ရှုရာ ဓာတ်အားခွဲရုံ တာဝန်ယူ တည်ဆောက်မည့် UNI ENERGY Co.,Ltd. မှ မန်နေးဂျင်းဒါရိုက်တာက UNI ENERGY Co.,Ltd. သည် (၁၀) မဂ္ဂါဝပ်ရှိ နေရောင်ခြည်သုံး လျှပ်စစ်စီမံကိန်းကို ပထမအဆင့်အနေဖြင့် (၅) မဂ္ဂါဝပ် စတင်တည်ဆောက် ဖြန့်ဖြူးမည်ဖြစ်ကြောင်း၊ ပြည်တွင်းဝန်ထမ်း(၁၅၀)ဦး၊ ပြည်ပဝန်ထမ်း(၁၆)ဦး ခန့်ထားနိုင်ပြီး နှစ်စဉ် ကီလိုဝပ် နာရီသန်းပေါင်း (၇.၅၆) ဓာတ်အား ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများက အသီးသီးဆွေးနွေးတင်ပြရာ ပြည်နယ် စီးပွားရေးရာဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အမြန်ဆုံး ဆောင်ရွက်ရန်၊ စီမံကိန်းလုပ်ငန်းတိုးတက်မှုအခြေအနေများအား လစဉ်တင်ပြရန်၊ ဓာတ်အားများ အမြန်ဆုံးဖြန့်ဖြူးနိုင်ရေး ဓာတ်အားလိုင်းများအား စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ရန်နှင့် ကြုံတွေ့နေရသော အခက်အခဲများရှိပါက လုပ်ငန်းအဆင်ပြေချောမွေ့စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အကြို လူထုလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် တောင်ကြီး၊ အေးသာယာစက်မှုဇုန်တွင် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး Ending Plastic Pollution Globally” ဆောင်ပုဒ် မြေစိုက်ပိုစတာ စိုက်ထူခြင်း၊ စက်မှုဇုန် စိမ်းလန်းစိုပြည်ရေးအတွက် နှစ်ရှည်သစ်ပင်အမျိုးပေါင်း ၅၅၀ ပင်အား ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဆောင်ကာ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထက်ဝေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)