မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက《ပေါက်ဖော်နှလုံးသားထဲမှ စကားသံများ - တရုတ်မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်မြောက်အထိမ်းအမှတ် ဇာတ်လမ်းပုံပြင်များစုစည်းမှု》စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက《ပေါက်ဖော်နှလုံးသားထဲမှ စကားသံများ - တရုတ်မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်မြောက်အထိမ်းအမှတ် ဇာတ်လမ်းပုံပြင်များစုစည်းမှု》စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကျင်းပ



ရန်ကုန်၊ ဇွန် ၁၉

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက《ပေါက်ဖော်နှလုံးသားထဲမှ စကားသံများ - တရုတ်မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်မြောက်အထိမ်းအမှတ် ဇာတ်လမ်းပုံပြင်များစုစည်းမှု》စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ဇွန်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တရုတ်သံရုံးမှ သံအမတ်ကြီး Ms. Ma Jia ၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးပုဂ္ဂိုလ်တို့အပါအဝင် လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ 

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက တရုတ်စာရေးဆရာများ၏ စာပေလက်ရာအများအပြားကို မြန်မာနိုင်ငံတွင်လည်း လူသိများကြကြောင်း၊ ဇာတ်လမ်းပုံပြင်စုစည်းမှုမှာ စိတ်နှလုံးကိုထိမိစေပြီး နှစ်နိုင်ငံအကြား လူမူရေး ယဉ်ကျေးမှု ကူးလူးဖလှယ်မှုများကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီး Ms. Ma Jia က ဇာတ်လမ်းပုံပြင်စုစည်းမှုစာအုပ်၏ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံပြည်သူများကြား နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို မှတ်တမ်းတင်ရန်နှင့် ဖြန့်ဝေစေရန် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ဇာတ်လမ်းပုံပြင်များကို ရှာဖွေဖော်ထုတ်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်အတွက် နှစ်နိုင်ငံအတူတကွ လုပ်ဆောင်ကြရန်ကို မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် မတ်လမှ ဧပြီလအထိ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် အထိမ်းအမှတ် ဇာတ်လမ်းပုံပြင်စာပေစုစည်းခြင်း လှုပ်ရှားမှုစတင်ခဲ့ရာ ပို့ဆောင်လာသောစာပေလက်ရာ ၄၀၀ နီးပါးမှ ပထမဆု ၁ ဆု၊ ဒုတိယဆု ၃ ဆု၊ တတိယဆု ၁၁ ဆုနှင့် ထူးချွန်ဆု ၁၆ ဆုတို့ကို ရွေးချယ်ခဲ့ပြီး ဘာသာစကားနှစ်မျိုးဖြင့်ရေးသားထားသော ဇာတ်လမ်းပုံပြင်စုစည်းမှုစာအုပ်သည် ဆုရရှိသော စာမူများကို  အဓိကထားပြီး ဘာသာပြန်၍ တည်းဖြတ်ပြုစုထားခြင်းဖြစ်သည်။ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားတွင် သံအမတ်ကြီး Ms. MaJia နှင့် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့က ဆုရရှိသော စာရေးသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)