သုံးခွ၊ ဇွန် ၁၉
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရေးအတွက် ယူရီယားဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ၁၇-၆-၂၀၂၅ ရက်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးလင်းမောင်သက်မှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် Seeder အသုံးပြုရာတွင် ကျယ်ပြန့်စွာအသုံးပြုနိုင်ရေး စိုက်ပျိုးရေးတောင်သူများအား တိုက်တွန်းဆောင်ရွက်သွားရန်ကိစ္စရပ်များအား ပြောကြားပြီးနောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေမှ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးတင်မြင့်အောင်က စိုက်ပျိုးရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားကာ တာဝန်ရှိသူများက တက်ရောက်လာသော တောင်သူများအား မိုးစပါးစိုက်ပျိုးရေးအတွက် ယူရီယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမူနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်းအဝေးမှ ကောက်နုတ်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စည်သူလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment