မြစ်ကြီးနား၊ ဇွန် ၁၉
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ်ဌာန(၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ အေးချမ်းစွာကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ဇွန် ၁၈ ရက်နေ့တွင် စာမေးပွဲတတိယနေ့အဖြစ် သင်္ချာဘာသာရပ် စစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနရှိ စာမေးပွဲဖြေဆိုရန် လာရောက်ကြသည့် ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံစိတ်ချစွာ လာရောက်နိုင်ရေး၊ စည်းကမ်းချက်များနှင့်အညီ ဖြေဆိုနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ကျဆရာ/ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စာသင်ခန်းများအတွင်း အေးချမ်းစွာဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား လည်းကောင်း၊ ကြီးကြပ်ရေးအဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုပေးရန် စနစ်တကျစုဖွဲ့ထားသော အဖွဲ့အစည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment