ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ယာယီစာသင်ဆောင် ဆောက်လုပ်ပြီးစီးမှု ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ယာယီစာသင်ဆောင် ဆောက်လုပ်ပြီးစီးမှု ကြည့်ရှုအားပေး


နေပြည်တော်၊ ဇွန် ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းသည် ယမန်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲတွင် ပြည်ပအလှူရှင်များက AHA Centre မှတစ်ဆင့် လှူဒါန်းသော ယာယီစာသင်ဆောင် ဆောက်လုပ်ပြီးစီးမှုနှင့် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးအားပေးသည်။

အဆိုပါယာယီစာသင်ဆောင်သည် အလျားပေ ၉၀၊ အနံပေ ၃၀ ရှိ အသင့်တပ်ဆင်သုံးစွဲနိုင်သည့် ကွန်တိန်နာအဆောက်အအုံဖြစ်ပြီး တည်ဆောက်ချိန် ၁၀ ရက်ခန့်ဖြင့် ဆောက်လုပ်နိုင်ကြောင်းနှင့် နေပြည် တော်ကောင်စီနယ်မြေအတွင်း ငါးဆောင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင်လည်း ငါးဆောင်စီဖြင့် စုစုပေါင်း ယာယီ စာသင်ဆောင် အဆောင် ၂၀ ကို အမေရိကန်ဒေါ်လာ ခြောက်သိန်းခန့်ဖြင့် တည်ဆောက်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)