နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းမိသားစုများ ယာယီဘာရှာအဆောက်အအုံများသို့ အပြီးသတ်ပြောင်းရွှေ့နေရာချထားမှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းမိသားစုများ ယာယီဘာရှာအဆောက်အအုံများသို့ အပြီးသတ်ပြောင်းရွှေ့နေရာချထားမှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇွန် ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ရာနှုန်းပြည့် တည်ဆောက်ပြီးစီးခဲ့သည့် ယာယီဘာရှာအဆောက်အအုံများ သို့ အပြီးသတ်ပြောင်းရွှေ့နေရာချထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရေသန့်စက်နှင့် အရာထမ်းများ နေထိုင်မည့် ပတ္တမြား အိမ်ရာယာယီဘာရှာအဆောက်အအုံသစ်တို့ကို အမွှေးနံ့သာဖြင့် ပက်ဖျန်းဖွင့်လှစ်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယာယီဘာရှာအဆောက်အအုံများ၌ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုဝင်များ ပြောင်းရွှေ့ နေထိုင်မှုကို လှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းများအနေဖြင့် ယာယီ အဆောက်အအုံများအတွင်း ထုတ်ပြန်ထားရှိသည့် စည်းကမ်းချက်များနှင့်အညီ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ရိုင်းပင်းကူညီနေထိုင်သွားကြရန်၊ ရေ၊ မီး၊ မိလ္လာများကို စနစ်တကျ သုံးစွဲကြရန်နှင့် ယာယီအဆောက်အအုံဧရိယာအတွင်း သန့်ရှင်းသာယာလှပရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်တို့ကို မှာကြားကာ မိသားစုဝင်များကို ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယာယီအဆောက်အအုံများအတွင်း ဝန်ထမ်းမိသားစုများ၏ ပြောင်းရွှေ့နေထိုင်စားသောက်မှု၊ လျှပ်စစ်မီးတပ်ဆင်ထားရှိမှု၊ ရေချိုးခန်း၊ အိမ်သာများ စနစ်တကျဆောင်ရွက်ထားရှိမှု၊ စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ပေးနိုင်ရေး အတွက် အမှိုက်ကန်များ ဆောင်ရွက်ထားရှိမှုနှင့် ယာယီအဆောက်အအုံပတ်လမ်းများကို အမာခံ လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည့် ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် ဝန်ထမ်းများအတွက် ဘုရား ဆင်းတုတော်နှင့် မြန်မာနိုင်ငံဆီ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌက လှူဒါန်းသည့် စားသုံးဆီပေးအပ် ခြင်းအခမ်းအနားသို့ တက်ရောက်ကြပြီး ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် အရာထမ်း၊ အမှုထမ်း များထံ ဘုရားဆင်းတုတော်နှင့် စားသုံးဆီများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)