ကျွန်းလှ ၊ ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယနေ့နံနက်က စတင်ပြီးဖွင့်လှစ်ကြောင်း သိရသည်။
“ ကျွန်းလှမြို့နယ်မှာ ဒီနှစ်ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်ဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၂ ရက်မှ ဇွန် ၂ရက်နေ့ထိ KG တန်းမှ Grade-12 ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်လက်ခံဆောင်ရွက်ခဲ့ပါတယ်။ ယနေ့ထိ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်း ကျောင်သား၊ ကျောင်သူ ၄၆၅၄ ဦး ကျောင်းအပ်နှံပြီးပါတယ်” ဟု မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က ပြောသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၌ မူလတန်းကျောင်း ၆ ကျောင်း၊ အလယ်တန်းကျောင်း ၁၂ ကျောင်း၊ အထက်တန်းကျောင်း ၂ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်း၊ စုစုပေါင်း ၂၃ ကျောင်းဖွင့်လှစ်ကြောင်း သိရသည်။
မျိုးဝင်းညို
https://t.me/MyanmarNationalPost
No comments:
Post a Comment