အောက်တန်းစား တော်လှန်ရေးသမားတွေအကြောင်းက ပြောလို့လည်း မပြီးနိုင်ပါဘူး။ တကယ်တော့ ပြောလည်း မပြောချင်ပါဘူး။ သို့သော် နီပိန်း (နီပိတ်)တွေ ရဲ့ လုပ်ရပ်တွေဟာ အောက်တန်းကျလွန်းတယ်။ ဒီလို ဆိုးရွားရက်စက် ယုတ်မာလွန်းတဲ့ လုပ်ရပ်တွေဟာ မှတ်တမ်းတင်ထားမှကို ဖြစ်မယ်။ ဒါကြောင့် ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။
နီပိန်း (နီပိတ်)တွေ အခုထိ အလင်းမရသေးဘူး။ နိုင်ငံရေးမှိုင်း မပြယ်သေးဘူး။ မှိုင်းမိနေတုန်းပဲ။ နီပိန်း (နီပိတ်)တွေ ထောက်ခံအားပေးတဲ့ ပါတီအဖွဲ့အစည်းကို ဦးဆောင်သူတွေဟာ အာဏာရစဉ်မှာ ပြည်သူလူထုအကျိုးကို မကြည့်ဘဲ ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ပြီး အလုပ် လုပ်သွားကြတယ်။ ကျွန်တော်ကတော့ သမိုင်းမှတ်တမ်းများကို အများပြည်သူ သိရှိအောင် အစဉ်သဖြင့် မှတ်တမ်းတင်ထားရှိပါတယ်။ ရုပ်သံများ ဆွေးနွေးတင်ပြတဲ့အခါမှာလည်း အများပြည်သူ သိစေဖို့ ထည့်သွင်း ပြောဆိုပါတယ်။ NLD အစိုးရလက်ထက် ခိုးခဲ့တဲ့ မှတ်တမ်းကို (ခိုးမှုမှတ်တမ်း) အနေနဲ့ ကျွန်တော်တို့ မြန်မာနေရှင်ပို့စ်မှာ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှု (၉)မှု အမေရိကန်ဒေါ်လာ ၄,၁၀၆,၃၁၆ (၄သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၄၉,၂၀၆,၆၉၁,၀၆၅.၇၅ကျပ်၊ (၄၉၂၀၆ သန်းကျော်) ဖြစ်ပါတယ်။ ဦးဝင်းမြင့် ရဲ့ အဂတိလိုက်စားမှု (၅)မှု အမေရိကန်ဒေါ်လာ ၄,၀၈၈,၀၉၀ (၄သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၂၃,၀၄၈,၁၈၆,၀၆၅.၇၅(၂၃၀၄၈သန်းကျော်) ဖြစ်ပါတယ်။ NLDပါတီဝင် ဗဟိုအလုပ်မှုဆောင် ၈ဦး၊ ပါတီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ဝန်ကြီးဟောင်း ၂၀ဦး၊ ပါတီဝင်မဟုတ်သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ၄ဦး၊ ပါတီဝင်မဟုတ်သည့် ဝန်ကြီးဟောင်း ၃ဦး တို့ ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှုဟာ ၁၃,၁၀၉,၉၀၈(၁၃သန်းကျော်) နှင့် မြန်မာကျပ်ငွေ ၃၆၁,၉၀၃,၉၇၄,၆၃၁.၈၅ (၃၆၁ဘီလီယံကျော်) ရှိခဲ့ပါတယ်။
အနောက်အုပ်စုရဲ့ မီဒီယာတွေနဲ့ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်မီဒီယာတွေကတော့ ယနေ့အချိန်အထိ ဒေါ်စုကို သူတော်ကောင်းမကြီးလို့အထင်ရောက်အောင် လှုံ့ဆော်ပေးနေကြတုန်းပဲ။ ဒေါ်စု က NUG, PDF အကြမ်းဖက်လှုပ်ရှားမှုကို အားမပေးဘူးဆိုတဲ့ အသံထွက်လာပြန်တော့လည်း ဒေါ်စုကို မြောင်းထဲရောက်အောင် လုပ်ကြပြန်ရော။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ လေတစ်လုံး မိုးတစ်လုံး မစားရဝခမန်း စကားတွေကို ယုံစားပြီး နီပိန်း (နီပိတ်) တွေကတော့ ကမ္ဘာမှာ အဆိုးဆုံးဆိုတဲ့ IS အကြမ်းဖက်အဖွဲ့ထက်ပင် ဆိုးသွမ်းယုတ်မာ ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေကို ကျူးလွန်နေကြပါတယ်။
၂-၆-၂၀၂၅ ရက်နေ့ တွေ့မြင်ရတဲ့ သတင်းတွေမှာလည်း စိတ်မသက်မသာ ဖြစ်စရာတွေ တွေ့မြင်ရပါတယ်။ အဲဒါကတော့ မုံရွာမြို့၊ အထက(၁) ကျောင်းအနီး မှ အများပြည်သူ သွားလာလှုပ်ရှာနေတဲ့ လူအုပ်ထဲမှာ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ပြည်သူတွေကို ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ပြီး ဆိုင်ကယ်လုယူသွားခဲ့ကြပါတယ်။ လူယုတ်မာ လူရမ်းကားများက သူတို့ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ကို သူတို့ကိုယ်တိုင်ပဲ အွန်လိုင်းပေါ် ဖြန့်ဝေထားပါသေးတယ်။ ယုတ်မာရိုင်းစိုင်းတဲ့ လုပ်ရပ်ကို လုပ်ဆောင်ရာမှာ တစ်ဖွဲ့တည်းတောင် မဟုတ်ပါဘူး။ သုံးဖွဲ့ပေါင်းပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း အကြမ်းဖက်အဖွဲ့ (၃)ဖွဲ့ ရဲ့ လိုဂိုအမှတ်အသားတွေနဲ့ မရှက် မကြောက် ထုတ်ပြန်ထားတာကို တွေ့မြင်ရပါတယ်။
နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ ဒီထက်တောင် ဆိုးရွားလွန်းပါသေးတယ်။ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်မှာ ပဋ္ဌာန်းပူဇော်ပွဲအတွက် အစည်းအဝေးလုပ်နေတဲ့ ရပ်မိရပ်ဖတွေကို ပုဂံဗိုလ်ချို လို့ အမည်ခံထားတဲ့ PDF အကြမ်းဖက်ခေါင်းဆောင် ဦးဆောင်တဲ့ အဖွဲ့က ဝင်ရောက် ပစ်သတ်လို့ (၇)ဦး သေဆုံးခဲ့ရပါတယ်။ ရပ်မိရပ်ဖတွေကို သတ်ဖြတ်ပြီး အလှူငွေတွေ ယူဆောင်သွားခဲ့ကြပါတယ်။
အဲဒီ လုပ်ရပ်တွေဟာ တော်လှန်ရေးလား၊ တော်လှန်ရေးသမားတွေရဲ့ အလုပ်လား၊ သူခိုး ဓားမြတွေရဲ့ အလုပ်လား ဆိုတာတော့ ရှင်းရှင်းလင်းလင်း သိမြင်လိမ့်မယ်လို့ ထင်ပါတယ်။ ညောင်ဦးမြို့နယ်မှာ ရဲတပ်ဖွဲ့ဝင်တွေ အသတ်ခံခဲ့ရတယ်။ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်ခွဲ့ ထဲမှာဆိုရင်လည်း PDF အကြမ်းဖက်သမားတွေ သတ်ဖြတ်လို့ သေခဲ့ရတာ မနည်းတော့ပါဘူး။ လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးမှာ တာဝန်ရှိကြတဲ့ ပုဂ္ဂိုလ်များ အပိုင်းကလည်း PDF အကြမ်းဖက်သမားများက သတ်လို့ သေတော့မှ အလောင်းလိုက်ကောက်တာမျိုးလောက်သာ မဟုတ်ဘဲ PDF အကြမ်းဖက်သမားများရဲ့ ရက်စက်ယုတ်မာမှု ဒဏ်တွေကို ပြည်သူများ မခံရလေအောင် အကြမ်းဖက်နှိမ်နင်းရေးကို တိုးမြှင့် ဆောင်ရွက်သင့်ပြီပါပြီ။
ပြည်သူ့ကာကွယ်ရေးလို့ နာမည်တပ်ပြီး အပြစ်မဲ့၊ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူတွေကို လိုက်သတ်နေတာ တော်လှန်ရေးသမားလား၊ သူခိုး ဓားမြလား။ မိဘပြည်သူများသာ စဉ်းစားကြည့်ကြပါတော့ဗျာ။ အဲဒီ ပြည်သူ့ကာကွယ်ရေးလို့ အမည်ခံထားတဲ့ PDF အကြမ်းဖက်သမားတွေရဲ့ ယုတ်မာရိုင်းစိုင်းစွာ ဖမ်းဆီးသတ်ဖြတ်၊ လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း က တရားဝင် စာရင်းထုတ်ပြန်ချက်အရ (၇၁၀၀)ကျော် သွားခဲ့ပါပြီ။ နီပိန်း (နီပိတ်)တွေ ကြွေးကြော်နေတဲ့ တော်လှန်ရေးဟာ စစ်မှန်တဲ့ တော်လှန်ရေး မဟုတ်ပါဘူး။ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်နေတဲ့ အောက်တန်းစား တော်လှန်ရေး ဖြစ်ကြောင်း ထပ်ဆင့် အသိပေး တင်ပြလိုက်ရပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment