နည်းပညာက အန္တရာယ်ရှိကြောင်း နယူးဇီလန်လွှတ်တော်အမတ်က သူမရဲ့ ကိုယ်လုံးတီးပုံကို လွှတ်တော်အစည်းအဝေးမှာ တင်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာက အန္တရာယ်ရှိကြောင်း နယူးဇီလန်လွှတ်တော်အမတ်က သူမရဲ့ ကိုယ်လုံးတီးပုံကို လွှတ်တော်အစည်းအဝေးမှာ တင်ပြ


ဇွန် - ၆  ( သောကြာနေ့ ) 

နယူးဇီလန်လွှတ်တော်အမတ် လော်ရာမက်ကလာ က ပါလီမန်အစည်းအဝေးတစ်ခုအတွင်း AI ကိုအသုံးပြု၍ ဖန်တီးထုတ်လုပ်ထားသော ကိုယ်လုံးတီးပုံတစ်ပုံကို ကိုင်ဆောင်ကာ နည်းပညာရဲ့ အန္တရာယ်များကို မီးမောင်းထိုးပြခဲ့ပါတယ်။ 

လွှတ်တော်အမတ်သည် အွန်လိုင်းပေါ်တွင် အစစ်နဲ့ ခွဲမရတောင်တူတဲ့ ပုံအတုတွေကို ဖန်တီးနိုင်ပြီး လူအများကို လှည့်စားနိုင်ကြောင်း သရုပ်ပြခဲ့ပါတယ်။ အစည်းအဝေးအတွင်း၊ မက်ကလာက အဲ့ဒိဓာတ်ပုံတွေ အလုပ်ခံရတဲ့ သူများအပေါ်မှာ ယုတ်ညံ့ပြီး အဖျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှုများကို အလေးပေး ဖော်ပြခဲ့ပါတယ်။ ဓါတ်ပုံကို အတုမှန်းသိသော်လည်း လွှတ်တော်တွင် ပြသရန် အဆင်မပြေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူမရဲ့ သရုပ်ပြခြင်း ရည်ရွယ်ချက်မှာ နည်းပညာကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များအကြောင်း သတိပြုမိစေရန် ဖြစ်ပါတယ်။ 

အွန်လိုင်းပေါ်မှာ ကိုယ်လုံးတီးပုံအတုတွေကို ခွင့်ပြုချက်မရှိဘဲ ဖြန့်ဝေခြင်း၊ မျှဝေခြင်း လုပ်နေတာနဲ့ ပတ်သက်ပြီး ဥပဒေတစ်ရပ်ပေါ်ပေါက်လာစေရန်နဲ့ လက်ရှိ ဥပဒေကိုပြင်ဆင်ရန်အတွက် တွန်းအားပေးဖို့အတွက် လွှတ်တော်ကို တင်သွင်းခြင်းဖြစ်တယ်လို့  မက်ကလာက ဆိုပါတယ်။  

"ကြည့်ပါဦး။ ဒီလို ကိုယ်လုံးတီးပုံတွေ လုပ်ဖို့အတွက် ဘယ်လောက်လွယ်သလဲ။ ကျမတို့ရဲ့ ငယ်ရွယ်တဲ့ အမျိုးသမီးလေးတွေအတွက် ဘယ်လောက်အန္တရာယ်ရှိသလဲ။ သူတို့တွေ ဘယ်လောက်ညှင်းပန်းနှိပ်စက် ခံနေရမလဲ။ တွေးကြည့်ရုံနဲ့သိပါတယ်" လို့ တင်ပြခဲ့ပါတယ်။ သူမရဲ့ တင်ပြချက်တွေကို လွှတ်တော်အမတ် တော်တော်များများ ရဲ့ အာရုံစိုက်မှုကိုလည်း ခံခဲ့ရပါတယ်။ 


REF: free press journal

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)