တောင်ကြီးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပ



တောင်ကြီး  ၊ ဇွန် ၆


သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များကို ကောင်းမွန်အောင်ထိန်းသိမ်းရန်၊ ပတ်ဝန်ကျင်းညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးကို အလေးထားဆောင်ရွက်ရန် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများကို ကမ္ဘာ့နိုင်ငံများက ဝိုင်းဝန်းပူးပေါင်းဖြေရှင်းနိုင်ရန်ရည်ရွယ်၍ ယမန်နေ့ နံနက် (၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယနေ့မျက်မှောက်ကမ္ဘာ့မှာကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုပြဿနာများကို မီးမောင်းထိုးပြပြီး အလေးထားဖြေရှင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်များကို ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဥ်ဖြင့် (UNEP)အဖွဲ့အစည်းက နှစ်စဥ်ထုတ်ပြန်သတ်မှတ်လျက်ရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ဦးတည်ကြိုးပမ်းအားထုတ်ပေးရန် တိုက်တွန်းသတ်မှတ်ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့်ဆောင်ရွက်ပေး”(Ending Plastic Pollution Globally) ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမြို့ပြနှင့် ကျေးလက်ဒေသတွင် သန့်ရှင်းသာယာလှပစေရေး၊ မြစ်ချောင်းများနှင့် အဏ္ဏဝါဂေဟစနစ်များကောင်းမွန်စေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေးတို့အတွက် ပလတ်စတစ်ညစ်ညမ်းမှုများကို လျှော့ချရန်၊ အဆုံးသတ်ရန် ပြည်သူလူထုတစ်ဦးတစ်ယောက်ချင်းမှသည် စုပေါင်းအင်အား၊ အသင်းအဖွဲ့အင်အားတို့ဖြင့် ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသွားခဲ့သည်။

ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video Clip ပြသပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့နယ်ဆုနှင့် စက်ရုံဆုရှိသူအား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဂုဏ်ပြုဆုငွေ၊ ကျောက်စီပန်ချီကားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယဆုရရှိသူများအား ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ကလည်းကောင်း၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ပေးကြသည်။

ယင်းနောက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုရရှိသည့် အခြေခံပညာအထက်တန်းအဆင့်ကျောင်း (၄) ကျောင်း၊ အလယ်တန်းအဆင့်ကျောင်း (၄)ကျောင်း၊ မူလတန်းအဆင့်ကျောင်း (၄)ကျောင်းနှင့် ရှမ်းပြည်နယ်အတွင်း သန့်ရှင်း၍စိုပြည်သောကျောင်း ဖော်ဆောင်ရန် ပါဝင်ကူညီလှူဒါန်းပေးသော အလှူရှင်များအား ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က အသီးသီးဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးကြသည်။       


ယင်းနောက် အမျိုးသားအဆင့်နှင့် ပြည်နယ်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ဆုရရှိသည့် ကျိုင်းတုံမြို့၏ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပြည်နယ်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောစက်ရုံဆုရရှိသည့် ဘော်ဖြူတောင်၊ ခဲသတ္တုသန့်စင်စက်ရုံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု အခြေခံပညာအထက်တန်းအဆင့်တွင် တတိယဆုရရှိခဲ့သည့် အခြေခံပညာအလယ်တန်းကျောင်း(ဘုရားကြီးကုန်း)ရွာငံ၏ သန်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အကောင်အထည်ဖော်မှု၊ မူလတန်းအဆင့် တတိယဆုရရှိသည့် အခြေခံပညာမူလတန်းကျောင်း(ဝိန်းဝိုင်) မိုင်းဆတ်၏ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအကောင်အထည်ဖော်ဆောင်ရွက်မှု Video Clip အား ပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။


ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီး - အေးသာယာအတက်လမ်းရှိ တောင်ကြီးမြို့နယ် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် ကွက်လပ်ဖြည့်စိုက်ခင်း (၈)ဧက၊ (၁.၇၈)ဧက၊ တောင်ကြီး(ထင်း)ကြိုးဝိုင်း၊ အကွက်အမှတ်(၆)(၅)ဧကတွင် ထင်းရှူး၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ချယ်ရီ၊ ခါတော်မီ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးလို့ရသည့်နေရာများတွင် စိုက်ပျိုးပေးကြရန်နှင့် အောင်မြင်ဖြစ်ထွန်းမှုမရှိသည့် ပျိုးပင်များတွင် ပြန်လည်စိုက်ပျိုးပေးကြရန်၊ လေးမိုင်ဂိတ်တွင်လည်း ကွက်လပ်ဖြည့်စိုက်ပျိုးပေးရန်လိုအပ်ကြောင်း တာဝန်ရှိများအား မှာကြားခဲ့သည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ကံကြီးရပ်ကွက်ရှိ တောင်ကြီး-တာချီလိတ်သွား ပြည်ထောင်စုလမ်းမကြီးနံဘေးရှိ ဌာနဆိုင်ရာ အဆောက်အဦရုံးရှေ့ အဝင်လမ်းနှင့် မြေသားကွက်လပ်မြင့်နေမှုအား တစ်ပြေးညီဖြစ်စေရန် မြေသားညှိဆောင်ရွက်ခြင်းနှင့် လမ်းကောင်းမွန်အောင်ဆောင်ရွက်ပေးရန် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများအား မှာကြား၍ စည်ပင်သာယာရေးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရှိရသည်။


မောင်မောင်သန်း(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)