မြောက်ဥက္ကလာပ၊ ဇွန် ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်၌ မွေးစမှ အသက် ၂ နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မွေးစမှ အသက် ၂ နှစ်အောက် ကလေးများအား ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ၊ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ၊ ဆုံဆို့-ကြက်ညာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ၊ ဝက်သက်ဂျိုက်သိုး၊ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများကိုအသက်အရွယ်၊ အပိုင်းအခြားအလိုက် ထိုးနှံပေးလျက်ရှိပြီး မြို့နယ် အနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို သတ်မှတ် ရပ်ကွက် စုရပ်နေရာများတွင်လည်း ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment