လပွတ္တာ ၊ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ယမန်နေ့နံနက် ၁၁ နာရီအခ့န်က အမှတ်(၆)ရပ်ကွက်၊ ရေပေါ်စျေးကမ်းနားဆိပ်မှ သနပ်ဖက်အုပ်စု၊ ဥက္ကံကျေးရွာသို့ ပြေးဆွဲသည့် ခရီးသည် ကျား(၄၁)ဦး၊ မ(၃၈)ဦး စုစုပေါင်း(၇၉)ဦးခန့် လိုက်ပါလာသော "ရွှေဝါထွန်း" စက်လှေ (အလျား ၂၅ ပေ အနံ ၁၀ ပေ စောက် ၄ ပေ၊ အင်ဂျင်စက် ပွိုင့်ချိုင်းအမျိုးအစား ၁၀၀ HP)အား ရေယာဥ်မောင်း ကိုစိုးပိုင်မောင်းနှင်လာစဥ် ၂ ဖာလုံခန့်အကွာ ရွေးမြစ်အတွင်း စက်လှေဝမ်းဗိုက်ပေါက် နစ်မြုပ်ခဲ့ရာ ခရီးသည်များ ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် နစ်မြုပ်ရာနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ အဖွဲ့၀င်(၁) ဗိုလ်မှူးကြီး အောင်ဘုန်းဟန်၊ မြို့တယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သက် ပါဝင်သောအဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နေ့လယ် ၁၂ နာရီချိန်ခန့်တွင် ဆယ်ယူရရှိသော စက်လှေပေါ်ပါခရီးသည် ကျား(၄၁)ဦး၊ မ(၃၈)ဦး၊ ပေါင်း(၇၉)ဦးအား လပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စုစည်းထားရှိပြီး နေ့လည်စာထမင်းကျွေးမွေးကာ လိုအပ်သောစောင့်ရှောက်မှုများနှင့် ၄င်းတို့၏နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးရန် စီစဥ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment