ဖျာပုံ၊ ဇွန် ၁၆
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ သမိန်ထောကျေးရွာ တွင် စပါးတင်ကား နှင့် စက်ဘီးယာဉ်တို-က် မှု့ကြောင့် (၁၀) တန်းကျောင်းသူတစ်ဦး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ သမိန်ထောကျေးရွာတွင် ယနေ့ ဇွန်လ ၁၆ ရက် ၂၀၂၅ နံနက် ၀၈ ၃၀ အချိန်ခန့်တွင် အထက သမိန်ထော ကျောင်းသို့ စက်ဘီးဖြင့် ကျောင်းသို့သွားစဉ် သမိန်ထောကျေးရွာ၊ ရွာလည်တံတားအဆင်းတွင် (၁၀)တန်း ကျောင်းသူအား ကြားလမ်းမှ စပါးများတင် ဆောင်လာသော ကားမှ ဝင်ရောက်တို-က်မှု့ဖြစ်ပွားရာ သမိန်ထောသိမ်ကုန်းကျေးရွာ၊ ရွာလည် ရပ်ကွက်နေ အသက် ( ၁၅ )နှစ်ခန့်ရှိ (၁၀)တန်း ကျောင်းသူတစ်ဦးသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း သိရပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ အသေးစိတ်စုံစမ်းလျက်ရှိကာ သက်ဆိုင်ရာဥပဒေများနှင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment