ပုသိမ်ကြီး၊ ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade -12 မြန်မာစာ ဘာသာရပ် စတင်ဖြေဆိုခြင်းကို ဇွန်လ ၁၆ရက် နံနက် ၉နာရီက မြို့နယ်တွင်းရှိ စာစစ်ဌာန ၂ခု ၌ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆိုလျက်ရှိသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာသို့ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲမင်းသောင်း၊ ခရိုင်ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများ ဘေးအန္တရာယ်ကင်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြသည်။
မြန်မာစာဘာသာရပ် စာမေးပွဲဖြေဆိုရာတွင် စာရင်းရှိ ကျောင်းသား ၂၉၇ ဦး၊ ကျောင်းသူ ၄၅၅ ဦး၊ စုစုပေါင်း ၇၅၂ ဦး၊ လာရောက်ဖြေဆိုသူ ကျောင်းသား ၂၉၃ ဦး၊ ကျောင်းသူ ၄၄၇ ဦး၊ စုစုပေါင်း ၇၄၀ ဦး၊ ပျက်ကွက် ၁၂ဦး ရှိပြီး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၉၈.၄၀ ရှိကြောင်းနှင့် ပုသိမ်ကြီးမြို့နယ်တွင် စာစစ်ဌာန အထက ပုသိမ်ကြီး၊ အထက အုန်းချောတို့တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment