နေပြည်တော်၊ ဇွန် ၂
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်း အသီးသီးက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင်ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော သောတပန်ရပ်ကွက်၊ နန်းဦးမြို့သစ်၊ ပိုးတန်းရပ်ကွက် နှင့် ရွာထောင်ရပ်ကွက်တို့အတွင်းရှိ ကျောင်းတိုက်များ၊ စေတီများ၊ သာသနိက အဆောက် အအုံများနှင့် လမ်းကြီး၏ လမ်းဘေးဝဲ/ယာ ပြိုကျပျက်စီးနေသော အပျက်အစီးများကို စက်ယန္တရားအင်အားများ တိုးချဲ့၍ အရှိန်အဟုန်မြှင့် ဖယ်ရှားရှင်းလင်းနေမှုများ၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်နေမှု အခြေအနေနှင့် အပျက်စီးများအား စက်ယန္တားများ အသုံးပြု၍ ဖယ်ရှာရှင်းလင်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)အာကစားခန်းမ၌ စစ်ကိုင်းမြို့ သံဃာတော် များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်ရေးပေးနေမှုများနှင့် ငလျင်ဘေးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ သော ဘောလုံးပွဲကြည့်စင်အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖယ်ရှားရှင်းလင်းနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်၊ အလပ လယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူ များသည် မန္တလေးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ဌာန၊ အရိုးထိခိုက်ဒဏ်ရာကုဌာနတို့ရှိ လူနာများအား သွားရောက်ကြည့်ရှု အားပေးပြီး အဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့ပြီး ရှင်းလင်းရန်ကျန်ရှိသည့် “ A ” ဆောင်အား ဖယ်ရှားရှင်းလင်း ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ဖြိုဖျက်ပြီးသော အဆောက်အအုံ နေရာများတွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှု၊ Sky Villa အဆောက်အအုံ အပျက်အစီးများအား ဖယ်ရှားရှင်းလင်းရာမှ ရှာဖွေတွေ့ရှိသော ပစ္စည်းများကို ပစ္စည်းလက်ခံရှာဖွေစုဆောင်းရေးနှင့် ပြန်လည်အပ်နှံရေးအဖွဲ့ထံသို့ စနစ်တကျအပ်နှံမှု၊ ထိန်းသိမ်းထားရှိမှုနှင့် သက်ဆိုင်ရာပိုင်ရှင်များ လက်ဝယ်သို့ ပြန်လည်လွဲပြောင်း ပေးနိုင်မှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သည်။
၎င်းနောက် ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးသို့ သွားရောက်၍ အပျက်အစီးများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်ပြီးစီးမှု၊ ဘုရားကြီးအား ဘုရားဖူး ပြည်သူများ လာရောက်ဖူးမြော်စဉ် အန္တရာယ် ကင်းရှင်းစေရေး စမြင်နေရာများအား ယာယီဒေါက်တိုင်ထောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ မေဃဝန် ဘုန်းတော်ကြီးကျောင်း၊ ကွမ်းသီးတန်းရပ်ရှိ ဆုတောင်းပြည့် မြတ်စွာဘုရား၊ ဈေးချို ရပ်ကွက်ရှိ ငလျင်ဒဏ်သင့် ကျွန်းကျောင်း စတုဘုမ္မိက မဂ္ဂင်ရိပ်သာ ကျောင်းတိုက်နှင့် ဆုတောင်းပြည့်ကျောက်ကာစေတီ ဦးလင်းဘုရား၌ တပ်မတော်သားများက အပျက်အစီးများ ရှင်းလင်း ဖယ်ရှားနေမှု၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ပြန်လည် သိမ်းဆည်းရရှိသော ဋ္ဌာပနာတော်ပစ္စည်းများ စနစ်တကျ သိမ်းဆည်းဆောင်ရွက် ထားရှိမှုများကို ကြည့်ရှု့စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ်လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် နှင့်တာဝန်ရှိသူများသည် ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း(မြို့မ)နှင့် ဆူးကုန်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းတို့၌ ကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေမှုများအား သွားရောက်ကြည့်ရှုပြီး G-12 ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကားပြောကြားသည်။ ထို့နောက် ကျောက်ဆည်မြို့နယ်၊ တံစိုးကျေးရွာရှိအစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ ငလျင်ဒဏ်ကြောင့် ရပ်တန့်ခဲ့ရသော စာမေး ပွဲအား ပြန်လည်ဖြေဆိုနေမှုများနှင့် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ငလျင်ဒဏ် ကြောင့် ပျက်စီးသွားသော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ ဝန်းအတွင်းရှိ ယာယီ လိုင်းခန်း(၃)ခန်းတွဲများ ဆောက်လုပ်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ကျောက်ဆည်မြို့၊ လမ်းဦးစီးရိပ်သာ၌ ပြုလုပ်သည့် “ရေဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး”သို့ တက်ရောက်၍ မြို့နယ်အလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများက သဘာဝဘေးကယ်ဆယ်ရေး အတွက် လူ၊ စက်၊ ယန္တရားများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပြင်ဆင်စုဖွဲ့ထားရှိမှုများ တင်ပြမှု အပေါ် လိုအပ်သည်များ မှာကြားသည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့၊ မီးသတ်ဦးစီးဌာန၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အရေးပေါ်အနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လူ၊ ယာဉ်၊ ယန္တရားများနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသင့်စုဖွဲထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး မီးသတ်တပ်ဖွဲ့ ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်ပြီး ကျောက်ဆည်မြို့၊ ငှက္ကတောင်ကျေးရွာအုပ်စု၊ တောင်နံ့သာ ကွက်သစ်ရပ်ကွက်ရှိ သာမဏေကျော်စာသင်တိုက်သို့ သွားရောက်၍ သံဃာတော် များအား ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment