နေပြည်တော်၊ ဇွန် ၂
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG၊ PDF အမည်ခံအကြမ်းဖက်သမား များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက် ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများ အပြင် အများပြည်သူနေထိုင်လျက်ရှိသည့် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင် လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ယနေ့ညနေပိုင်းတွင် ဘုရားတောင်ကျေးရွာ အနီးသို့အရောက်၌ KNDF နှင့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ပစ်ခတ်တိုက်ခိုက်မှုအား ခုခံနိုင်ခြင်းမရှိတော့သည့်အတွက် အကြမ်းဖက်သမားများ အနေဖြင့် ၎င်းတို့ ဆုတ်ခွာထွက်ပြေးနိုင်ရန် ကျေးရွာအတွင်းရှိ အပြစ်မဲ့ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးကာ ကျေးရွာ၏ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သဖြင့် ၎င်းတို့ဆုတ်ခွာရာနောက်သို့ ထပ်ကြပ်လိုက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အထက်ပါ ဖြစ်စဉ်မှ ကျေးရွာနေ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးမှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဒေသခံပြည်သူများ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment