အစ္စရေးတွေရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်ဖို့ ပရဟိတအဖွဲ့ ကြိုးစားနေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးတွေရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်ဖို့ ပရဟိတအဖွဲ့ ကြိုးစားနေပြီ




ဇွန် - ၂ ( အင်္ဂါနေ့ ) 

ရုပ်ရှင်မင်းသားမင်းသမီးတွေ နဲ့ လှုံ့ဆော်ရေး သမားတွေ ပါတဲ့ ရွက်သင်္ဘောတစ်စီးက အီတလီနိုင်ငံတောင်ပိုင်း မော်လ်တာကျွန်းကနေ မြေထဲပင်လယ်ကို ဖြတ်ပြီး ဂါဇာကမ်းမြှောင်ကို လာဖို့ မနေ့က ထွက်လာခဲ့ပါတယ်။ အဲ့ဒိရွက်သင်္ဘာမှာ ဂါဇာက ကလေးငယ်တွေအတွက် နို့မှုန့်တွေ အပြင် ဆေးဝါးတွေ တင်နိုင်သလောက်တင် ထားပါတယ်။ ပြီးခဲ့တဲ့ လကတော့ အဲ့လိုမျိုး အကူအညီအထောက်အပံ့တွေ တင်လာတဲ့ သင်္ဘောကို အစ္စရေး စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်ပြီး မြုပ်ပစ်လိုက်ပါတယ်။ ဒါက ဒုတိယအခေါက်ပဲ ဖြစ်ပါတယ်။

 အဲ့လိုလုပ်ဖို့အတွက် စီစဉ်တဲ့ အဖွဲ့အစည်းကတော့ လွတ်လပ်သောဖလိုတီလာညွှန့်ပေါင်း အဖွဲ့ပါပဲ။ မက်ဒလင်းလို့ခေါ်တဲ့ ရွက်သင်္ဘော ပေါ်မှာ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ဂရီသာ သန်ဘာဂ် နှင့် သရုပ်ဆောင် ရီမာဟတ်ဆန် တို့ ပါဝင်ကြောင်း တယ်လီဂရမ် ပို့စ်တစ်ခုအရ သိရသည်။ မင်းသား လီယန်ကန်နင်ဟမ် ကတော့ မိတ်ဆက်ပွဲမတိုင်မီ အီတလီမှ ပို့စ်တင်ရန် ပေါ်လာသော်လည်း သင်္ဘောပေါ်တွင် ပါဝင်သူ စာရင်းမှာတော့ မပါပါဘူး။ သင်္ဘောပေါ်မှာ ဘာလက်နက်မှ မပါဘူးလို့ စည်းရုံးရေးမှူးများက အလေးပေးပြောကြားခဲ့ပါတယ်။ 

စီစဉ်သူများက "အန္တရာယ်ကတော့ ဖြစ်မှာပါ" လို့ မှတ်ချက်ပြုထားပါတယ်။ အများပြည်သူက သူတို့ရဲ့ အခြေအနေကို ကြည့်ရှုနိုင်စေရန် သင်္ဘောပေါ်တွင် ခြေရာခံကိရိယာကို တပ်ဆင်ထားပါတယ်။ ခြေရာခံကိရိယာ သည် ၎င်း၏လုံခြုံရေး၊ တာဝန်ခံမှုနှင့် ၎င်းတို့၏မစ်ရှင်အတွက် စည်းလုံးညီညွတ်မှုကို တိုးမြှင့်ကူညီပေး နိုင်မယ် လို့  မျှော်လင့်ထားပါတယ်။ 

"လက်နက်မဲ့၊ အကြမ်းမဖက်တဲ့၊ မက်ဒလင်း ဟာ ခြိမ်းခြောက်မှုမရှိပါဘူး။ သူမဟာ နိုင်ငံတကာဥပဒေနဲ့အညီ အပြည့်အ၀ ရွက်လွှင့်နေပါတယ်" လို့ လွတ်လပ်သောဖလိုတီလာညွှန့်ပေါင်း အဖွဲ့ က တယ်လီဂရမ်မှာ ကြေညာထားပါတယ်။  "မည်သည့် တိုက်ခိုက်မှု သို့မဟုတ် ဝင်ရောက်စွက်ဖက်မှုမဆို အရပ်သားများအပေါ် တမင်တကာ ဥပဒေမဲ့ ကျူးလွန်မှု ဖြစ်လိမ့်မည်" လို့လည်း ဆိုပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)