မြောက်ဥက္ကလာပမြို့နယ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဆက်လက် ဖြေဆိုလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဆက်လက် ဖြေဆိုလျက်ရှိ



မြောက်ဥက္ကလာပ၊ ဇွန်  ၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုခြင်းကိုဆုတောင်းပြည့်မယ်လမုသုံးထပ်ဆောင် သာသနာ့ဗိမာန် တော်ကြီးတွင် ယမန်နေ့ ၁၂ နာရီအချိန်က ဘာသာရပ်အလိုက် အုပ်စုများခွဲ၍ ဆက်လက်ဖြေဆိုလျက်ရှိသည်။

မြောက်ဥက္ကလာပစာစစ်ဌာနတွင် အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုရန် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၂၃၂ ပါး စာရင်းပေးသွင်းထားရာ ယနေ့ ဇွန် ၃ရက်နေ့က ဓမ္မသင်္ဂဏီပါဠိအဌကထာကျမ်းရင်း(၂) ဘာသာအား  ၁၈၀ ပါး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၅၂ ပါး ပျက်ကွက်ခဲ့ ကြောင်း မြို့နယ်သာသနာရေးမှူး ရုံးမှသိရသည်။

အဆိုပါ အစိုးရဓမ္မာစရိယ စာမေးပွဲများ အဆင်ပြေချောမွေ့စွာ‌ ဖြေဆိုနိုင်စေရေးအတွက် ထေကြီးဝါကြီးဆရာတော်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းမြင့်  နှင့် တာဝန်ရှိ သူများ ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကလိုအပ်သည်များကို ကြီးကြပ်ဆောင်ရွက်ပေးပြီး ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။ 


သက်လွင်စိုး 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)