ချမ်းမြသာစည်၊ ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင် ရပ်ကွက်ရှိ မဟာမုနိဘုရားကြီးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်အဖွဲ့မှ ၂-၆-၂၀၂၅ ရက်နေ့က ရောက်ရှိ၍ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်အဖွဲ့သည် မဟာမုနိဘုရားကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူ ပူဇော်ခဲ့ကြပြီး ဘုရားကြီးနောက် ကျောတော်အောင်မြေနေရာတွင် ပြိုကျပျက်စီးသွားသော တိုင် ၇ တိုင်အား ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဘုရားကျောင်းတော်ကြီးအပေါ်၌ ပြန်လည်ပြုပြင်ရန် ငြမ်းဆင်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဘုရားကြီးဂေါပကအဖွဲ့တို့အား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရသည်။
ချမ်းမြေ့
https://t.me/MyanmarNationalPost
No comments:
Post a Comment