ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဖော်မလင်၏ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဖော်မလင်၏ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော

 



ဒေးဒရဲ ၊ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများကျန်းမာရေးဗဟုသုတများ ပိုမိုတိုးပွားရရှိစေရန် ရည်ရွယ်၍ ဖော်မလင်၏ ဆိုကျိုးအန္တရာယ်များ၊ ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဟောပြောပွဲကို ယမန် နေ့နံနက် (၁၀) နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးမှူးအဆင့် (၁) ဦးကျော်စွာဝင်းက ဖော်မလင်သည် အရောင်အဆင်းမရှိ၊ အနံ့ပြင်းသည့် ဓာတုပစ္စည်း ဖော်မယ်ဒီဟိုက်၊ မက်သနောနှင့် ရေစုပေါင်းထားသည့် အရောအနှောတစ်ခုဖြစ်ပြီး တာရှည်ခံပစ္စည်းအဖြစ် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲပြား၊ ပဲသွေး၊ မုန့်ဟင်းခါးဖတ်တို့တွင် လွဲမှားစွာ အသုံးပြုခြင်းများတွေ့ရှိရပြီး ဖော်မလင်ပါဝင်သည့် အစားအသောက်များ စားသုံးမိခြင်းကြောင့် ဖြစ်ပွားလာသည့် ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက်တက်ရောက်လာသူများအား ဖော်မလင်အ​ကြောင်း  အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)