ဇွန် - ၆ ( သောကြာနေ့ )
မြတြိဂံဒေသလို့ လူသိများတဲ့ လာအို ၊ ထိုင်း နဲ့ ကမ္ဗောဒီယား နယ်စပ်က ကမ္ဗောဒီယားဘက်အခြမ်း တမူတုံကတ် ၊ တမူးတုံ၊ တကရေဘေးနှင့် မွမ်ဘေဒေသတို့ကို ထိုင်းစစ်တပ်ကဝင်လာလို့ ကမ္ဗောဒီးယား စစ်တပ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားရာမှာ ကမ္ဗောဒီးယား စစ်သားတစ်ယောက် သေဆုံးသွားပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး ကမ္ဗောဒီးယားက နိုင်ငံတကာ တရားရုံး ICJ ကို တင်မယ်လို့ ကြေညာလိုက်တာကြောင့် ထိုင်းဘက်က ၂ နိုင်ငံ အရေးကို ၂ နိုင်ငံအတွင်းမှာပဲ ရှင်မယ်ဆိုပြီး ပြောလာတာပါ။
ထိုင်းအစိုးရသည် ကမ္ဘောဒီးယားနှင့် လက်ရှိဖြစ်ပွားနေသော နယ်နိမိတ်အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ရန် တွန်းအားပေးနေပြီး အဆိုပါပြဿနာကို ဖြေရှင်းရန်အတွက် ပူးတွဲနယ်နိမိတ်ကော်မရှင် (JBC)၊ အထွေထွေနယ်ခြားကော်မတီ (GBC) နှင့် ဒေသဆိုင်ရာနယ်ခြားကော်မတီ ကဲ့သို့သော လက်ရှိယန္တရားများကို အသုံးပြုမယ်လို့ ဆိုပါတယ်။
ဇွန် ၄ ရက် နံနက်ပိုင်းက ထုတ်ပြန်သည့် ကြေညာချက်တွင် ကမ္ဘောဒီးယားနိုင်ငံသည် အဆိုပါကိစ္စရပ်ကို ဆွေးနွေးရန် ဇွန်လ ၁၄ ရက်တွင် ကမ္ဘောဒီးယား၌ အဆိုပြုအစည်းအဝေးတစ်ရပ် ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံခြားရေးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက အဲဒီအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ်လို့ အတည်ပြုခဲ့ပါတယ်။
ကမ္ဗောဒီယားဘက်က ထုတ်ပြန်ချက်တွင် ထိုင်းအစိုးရသည် နိုင်ငံတကာဥပဒေနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အခြေခံမူများနှင့်အညီ ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရေးမူကို လိုက်နာဖို့လိုကြောင်း ပါရှိပါတယ်။
“ဒီကိစ္စအတွက် တရားရုံးယန္တရားတွေ ဒါမှမဟုတ် တတိယအဖွဲ့အစည်းတွေကို အသုံးပြုဖို့ အလားအလာရှိတဲ့ ကမ္ဘောဒီးယားရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့၊ ကမ္ဘောဒီးယားရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံတကာ ဥပဒေ၊ စာချုပ်တွေနဲ့ ၂၀၀၀ ခုနှစ် နားလည်မှုစာချွန်လွှာနဲ့ ဂြိုလ်တုဓာတ်ပုံတွေအပါအဝင် အမျိုးမျိုးသော သဘောတူညီချက်တွေကို အခြေခံပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ ကမ္ဘောဒီးယားဘက်ကို ကတိပြုထားပါတယ်”လို့ ထိုင်းဘက်ကဆိုပါတယ်။
ကမ္ဘောဒီးယားစစ်သားတစ်ဦး သေဆုံးခဲ့သည့် မေလ ၂၈ ရက်က အပြန်အလှန် ပစ်ခတ်မှုနှင့်ပတ်သက်၍ ထိုင်းစစ်တပ်က မိမိကိုယ်ကိုယ် ခုခံကာကွယ်မှု ပြုလုပ်ခဲ့ကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။
REF: The Nation
https://t.me/MyanmarNationalPost



No comments:
Post a Comment