သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၂,၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် ငွေကျပ်သိန်း ၂,၅၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော်၊ ဇွန် ၁၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဇွန်လ ၁၀ ရက်နေ့ ၁၆၅၀ အချိန် သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် တာချီလိတ်မြို့ဘက်မှ မိတ္ထီလာမြို့ဘက်သို့ ထူးအိဏ် မောင်းနှင်ပြီး စိန်လင်း လိုက်ပါလာသည့် TOYOTA HIACE အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး အက်တက်စီဆေးပြား ၅,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၂,၅၀၀)၊ ဆေးခြောက် အလေးချိန် ၆၀၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂.၇ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့  ၁၇၁၅ အချိန် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူများဖြစ်သည့် မမာမာသက် အား ၎င်းနေထိုင်သည့် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ နေအိမ်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ဇွန်လ ၁၁ ရက်နေ့ ၂၂၂၅ အချိန် ပြည့်စိုး အား တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း၊ ဇွန်လ ၁၂ ရက်နေ့ ၁၄၀၀ အချိန် နေလင်းအောင် အား အဆိုပါရပ်ကွက်တွင် လက်ကိုင်ဖုန်း ၁ လုံးနှင့် လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ထူးအိဏ်(၂၃)နှစ်၊ စိန်လင်း(၂၀)နှစ်၊ မမာမာသက်(၃၂)နှစ်၊ ပြည့်စိုး(၂၈)နှစ် နှင့် နေလင်းအောင်(၃၇)နှစ်တို့အား သာစည်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)