မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ စာအုပ်စာစောင်နှင့် ပရိဘောဂပစ္စည်းများ ထပ်ဆင့်ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ စာအုပ်စာစောင်နှင့် ပရိဘောဂပစ္စည်းများ ထပ်ဆင့်ပေးအပ်ပွဲကျင်းပ

 



ခရမ်း  ၊ ဇွန် ၆


ရန်ကုန်တိုင်းဒေကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ထပ်ဆင့်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ လှူဒါန်းသော စာအုပ်/စာစောင်များ၊ စာအုပ်တင်သံစင်နှင့် ပလတ်စတစ်ထိုင်ခုံပရိဘောဂပစ္စည်းများအား ထပ်ဆင့်ပေးအပ်ပွဲကို ဇွန် ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။


ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ လှူဒါန်းသောစာအုပ်စာစောင်များ၊ စာအုပ်တင်သံစင်နှင့် ပလတ်စတစ်ထိုင်ခုံ ပရိဘောဂပစ္စည်းများ ထပ်ဆင့်ပေးအပ်ပွဲတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ (ကိုယ်စား) အဖွဲ့ဝင် ဦးမြင့်‌ဆွေက မုဒိတာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက စာအုပ်စာစောင်များနှင့် ပရိဘောဂပစ္စည်းများ ထပ်ဆင့်ပေးအပ်ပွဲကျင်းပရခြင်းအား ရှင်းလင်းပြောကြားပြီး ရပ်ကွက်၊ ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်မှူးများအနေဖြင့် လက်ရှိဆောင်ရွက်နေသည့် စာကြည့်တိုက်များ လုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာအုပ်များကို တိုက်ပိုင်မှတ်ပုံတင်စာရင်းရေးသွင်းရန်၊ စာကြည့်တိုက်များတွင် လိုအပ်သည့် စာကြည့်တိုက်ဆိုင်ရာ စာငှားစနစ်များ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ရမည့် အစီအစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီမှ စာကြည့်တိုက်တစ်တိုက်လျှင် စာအုပ်တင်သံစင် (၁) စင်၊ ပလတ်စတစ်ထိုင်ခုံ(၈)ခုံနှင့် စာအုပ်(၄၁)အုပ်နှုန်းဖြင့် လှူဒါန်းမှုအား ထပ်ဆင့်ပေးအပ်လှူဒါန်းခဲ့ရာ ခရမ်းမြို့နယ်အတွင်းရှိ ရွှေဘိုစုကျေးရွာ၊ သုခမိန်စာကြည့်တိုက်နှင့် ညောင်ကုန်းကျေးရွာ သုတဂဝေဝေသီစာကြည့်တိုက်တို့မှ စာကြည့်တိုက်မှူးများက အသီးသီးလက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။


ခရမ်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)