နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆောက်အဦများ ပြန်လည်ပြုပြင်နေမှုနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး




နေပြည်တော်  ၊ ဇွန် ၆


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ညနေပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဇမ္ဗူသီရိမြို့နယ်၊ သဇင်(၄) အဆောင်(၅)၊ သဇင်(၂) အဆောင်(၃)နှင့် တိုက်အမှတ် (၃၃၁၁၂)သို့သွားရောက်ပြီး ပြန်လည်ပြုပြင်နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်များအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ တစ်ခန်းပြီးတစ်ခန်း အခန်းပြတ်စနစ်ဖြင့် ပြန်လည်ပြုပြင်နိုင်ရေး၊ ရေရှည်ခိုင်ခန့်မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လုပ်သားအင်အားတိုးမြှင့်ဆောင်ရွက်ရေးနှင့် သောက်သုံးရေများ ပြည့်စုံစွာရရှိရေးတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိရေလှောင်တမံသို့ သွားရောက်ပြီး တမံကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တမံအန္တရာယ်မရှိအောင် အမြဲမပြတ်စစ်ဆေးရေး၊ (နေ့/ည)တာဝန်ချထားစောင့်ကြည့်ရေးတို့ကို မှာကြားပြီး တမံထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်နေသော လုပ်သားများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိမြို့နယ်၊ သီရိမဏ္ဍိုင်လမ်းနှင့် သီရိရတနာလမ်းသို့သွားရောက်ပြီး ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် ပင်မရေပိုက်လိုင်းနှင့် ရေပေးဝေရေးပိုက်လိုင်းများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် အမြဲမပြတ်စစ်ဆေးဆောင်ရွက်ရေးတို့ကို မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေသူများအား စာသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း(ဥတ္တရ)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)