ဇွန် - ၁၆ ( တနင်္လာနေ့ )
ကမ္ဘောဒီးယားနှင့် ထိုင်းတာဝန်ရှိသူများသည် နယ်စပ်ပြဿနာများနှင့် ပတ်သက်၍ ၎င်းတို့၏ “ပွင့်လင်းမြင်သာစွာ” ညှိနှိုင်းဆွေးနွေးမှုကို နိဂုံးချုပ်ခဲ့ကြောင်း နှစ်နိုင်ငံသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
နှစ်ရက်ကြာ ကမ္ဘောဒီးယား-ထိုင်း ပူးတွဲ နယ်နိမိတ် ကော်မရှင် (JBC) ကို ဖနွမ်းပင်တွင် ကျင်းပခဲ့ပြီး JBC ရဲ့ သဘာပတိအဖြစ် ကမ္ဘောဒီးယား JBC ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီး လမ်ချီယာ နှင့် ထိုင်း JBC ဥက္ကဋ္ဌ နိုင်ငံခြားရေး ဝန်ကြီးဌာန အကြံပေး ပရာဆပ် ဗစ်နစ်ချိုင်း တို့က ပူးတွဲ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့ကြပါတယ်။
“ကမ္ဘောဒီးယား-ထိုင်း JBC ဆွေးနွေးပွဲကို ပွင့်လင်းမြင်သာစွာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုသဘောအရ ချစ်ကြည်ရင်းနှီးပြီး နားလည်မှုအငွေ့အသက်နဲ့ ကျင်းပခဲ့ပါတယ်”လို့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
နှစ်ဖက်သဘောတူထားတဲ့ နယ်ခြားမှတ်တိုင်တွေရဲ့ တကယ့်နေရာတွေမှာ နယ်ခြားမျဉ်းတွေကို စစ်ဆေးဖို့ ပူးတွဲစစ်တမ်းအဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ ဆွေးနွေးသဘောတူခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ ထိုင်းနှင့် ကမ္ဘောဒီးယား ကိုယ်စားလှယ်များသည် ပူးတွဲနယ်နိမိတ် ကော်မရှင်၏ အရေးကြီးမှုနှင့် ထိရောက်မှုကို ထပ်လောင်း ပြောကြားခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် အကျဉ်းချုံး ပြောကြားပြီး “တွေ့ဆုံမှုသည် ထိုင်း-ကမ္ဘောဒီးယား နယ်နိမိတ် တိုးတက်မှုကို သရုပ်ဖော်ရန်နှင့် နယ်စပ် တင်းမာမှုကို လျှော့ချရန် နောက်ထပ် အရေးကြီးသော မှတ်တိုင်တစ်ခုအဖြစ် မှတ်ယူပါတယ်”လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံသည် လာမည့် စက်တင်ဘာလတွင် အထူး JBC ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။
သို့သော်လည်း ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြား အငြင်းပွားနေသော နယ်စပ်ဒေသ လေးခုကို ကမ္ဘောဒီးယားက ကုလသမဂ္ဂ၏ နိုင်ငံတကာ တရားမျှတမှု တရားရုံး (ICJ) သို့ တနင်္ဂနွေနေ့က တရားဝင် စာတစ်စောင် တင်သွင်းခဲ့ပြီး တရားရုံးမှ ပြေလည်မှု ရယူရန် ကြိုးပမ်းနေတဲ့ကိစ္စကိုတော့ အဆိုပါ အစည်းအဝေးတွင် ဆွေးနွေးမှု မပြုလုပ်ခဲ့ပေ။
REF: CGTN
https://t.me/MyanmarNationalPost
No comments:
Post a Comment