ရွှေတောင်မြို့နယ်တွင် နွေစပါး( အောင်နိုင်တိုးစပါးမျိုး) လယ်မြေ( ၁) ဧကတွင် စံကွက်ရိတ်သိမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် နွေစပါး( အောင်နိုင်တိုးစပါးမျိုး) လယ်မြေ( ၁) ဧကတွင် စံကွက်ရိတ်သိမ်း





ရွှေတောင်၊ ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ( ၄၂၀C )၊ကွင်းအတွင်းရှိ တောင်သူ ဦးစောလွင်၏  နွေစပါးစိုက်လယ်မြေတွင် နွေစပါး( အောင်နိုင်တိုးစပါးမျိုး) လယ်မြေ( ၁) ဧကကွက်အား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် နွေစပါး စံကွက်ရိတ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါနွေစပါး( အောင်နိုင်တိုးစပါးမျိုး) လယ်မြေ ( ၁) ဧကတွင်  စပါးခြွေလှေ့စက်ဖြင့်  စံကွက်ကြီး ရိတ်သိမ်း၍ စံနှုန်းတိုင်းတာခြင်း၊ အထွက်နှုန်း ချိန်တွယ် တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ရာတွင် အထွက်နှုန်း အစိုတင်း  (၁၂၁.၁၂) တင်း ထွက်ရှိကြောင်းသိရသည်။ 

နွေစပါးစံကွက်ရိတ်သိမ်းရာသို့ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊( ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ (အနောက်ပိုင်း)ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးဇော်ဝင်းထွန်း၊ခရိုင်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊( မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီ) ဥက္ကဌဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ကျေးရွာအုပ်စုများရှိအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်း အင်အား( ၁၈၉) ဦးတို့က ကြည့်ရှုအားပေးခဲ့ကြသည်။

 မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ တစ်ဧက အထွက်နှုန်း ကောင်းမွန်စေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးခြင်းနှင့် စိုက်ပျိုးရေးနည်းပညာများ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)