မြန်မာ - တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ - တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ရေး ဆွေးနွေး


နေပြည်တော်၊ ဇွန် ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျားကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက် (၁၅၀၀) နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများ အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ရေး၊ မန္တလေး ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ် များ ပျက်စီးဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့် အသိုက်အဝန်းများအတွက် တရုတ်နိုင်ငံမှ ဆေးဘက် ဆိုင်ရာ အထောက်အကူပစ္စည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ  ပေးပို့ခဲ့သည့်ကိစ္စတို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီး တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအစိုးရ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှ ဆက်လက်ပံ့ပိုး ကူညီသွားမည့်အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့ ကြောင်းသိရှိရပါသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)