ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ၌ မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ၌ မီးလောင်မှုဖြစ်ပွား





ပေါင်၊ ဇွန် ၆

မွန်ပြည်နယ်၊ပေါင်မြို့နယ် ၊ဥတ္တံတားကျေးရွာ၊ အမှတ်(၆)ရပ်ကွက်၊ ရန်ကုန်- မော်လမြိုင်ကားလမ်းဘေး ဦးချမ်းငြိမ်း နေအိမ်၌ ယနေ့နံနက် (ရး၄၀)နာရီက မီးလောင်မှုဖြစ်ပွားခဲ့သည်။

အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ ပေါင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကိုဦးဆောင်သော  မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ( ၄ ) စီးတို့ဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နံနက် (၈း၀၀) နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်မီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးချက် များအရ အိမ်ရှင်များမှာ နှစ်ရှည်ခြံသို့ သွားရောက်လျက်ရှိပြီး နေအိမ်အားပိတ်ထားကာ အိမ်အတွင်း ဟင်းချက်ပြုတ်သည့် ဒယ်နီအိုးအား သတိမေ့လျော့၍ မီးပလပ်တပ်ပြီး မီးဖွင့်လျက်ထားရှိခဲ့ရာမှတစ်ဆင့် နေအိမ်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါမီးလောင်မှုကြောင့် အလျား ၄၀ ပေ၊ အနံ ၂၀ ပေရှိ သစ်သားတိုင်၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ သွပ်မိုး ကာလတန်ဖိုး ၁,၂၀၀,၀၀၀ ကျပ်ခန့် မီးလောင်ပျက်စီးခဲ့ပြီး အခြား လူ / တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီးအားပေါ့ဆစွာသုံး စွဲသူ ဦးချမ်းငြိမ်း အား ဥပဒေအရ အမှုဖွင့်အရေယူ နိုင်ရေး ဇင်းကျိုက်နယ်မြေရဲစခန်းမှ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)