မြောင်းမြမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ အရိုင်းအစိုင်း ကျောင်းသူများကိစ္စ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေဟုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ အရိုင်းအစိုင်း ကျောင်းသူများကိစ္စ ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေဟုဆို


နေပြည်တော်၊ ဇွန် ၁၉

မြောင်းမြမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ အရိုင်းအစိုင်း ကျောင်းသူများက အုပ်စုဖွဲ့၍ အနိုင်ကျင့်စော်ကားသောကိစ္စ ရုပ်သံနှင့် ပတ်သက်၍ မြောင်းမြခရိုင် ပညာရေးမှူး ဦးဌေးဝင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့် ဖြစ်စဉ်အား စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း ပညာရေးဝန်ကြီးဌာနမှ ဖြေကြားထားသည်။

ပညာရေးဝန်ကြီးဌာန၏ ဖြေကြားချက်တွင် "ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း ၏ ၁၈-၆-၂၀၂၅ ရက်နေ့တွင် Social media ပေါ်တွင် ပျံ့နှံ့နေသော ကျောင်းသူများ ရန်ဖြစ်နေသည့် ဗီဒီယိုဖိုင်သည် ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် ၁၈-၁၁-၂၀၂၄ ရက်နေ့ ကျောင်းချိန်ပြင်ပတွင် ဖြစ်ပွားခဲ့သော ဗီဒီယိုဖိုင် ဖြစ်ကြောင်း၊ အဆိုပါကိစ္စနှင့်ပတ်သက်၍ ၁၉-၁၁-၂ဝ၂၄ ရက်နေ့တွင် ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ရန်ဖြစ်သော ကျောင်းသူနှင့် အုပ်ထိန်းသူ မိဘများကိုခေါ်ယူတွေ့ဆုံပြီး မေးမြန်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ဗီဒီယိုဖိုင်တွင် ပါရှိသော အရိုက်ခံရသည့် Grade-6 ကျောင်းသူအား ရိုက်နှက်ခဲ့သည့် Grade-7 နှင့် Grade-9 ကျောင်းသူ(၂)ဦးတို့အား သေချာစွာ စစ်ဆေးမေးမြန်းပြီး အရိုက်ခံရသည့်ကျောင်းသူမှာ နစ်နာသူဖြစ်၍ အရေးယူဆောင်ရွက်ခဲ့ခြင်း မရှိပါကြောင်း၊ ရိုက်နှက် ခဲ့သည့် Grade-7 နှင့် Grade-9 ကျောင်းသူ(၂)ဦးနှင့် ဖြစ်စဉ်အား ဗီဒီယိုရိုက်ပေးသော Grade-7 ကျောင်းသားတို့အား ကျောင်းစည်းကမ်းဖောက်ဖျက်ခြင်းကြောင့် ကျောင်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့က အုပ်ထိန်းသူမိဘများထံ ပြန်လည်အပ်နှံခဲ့ပါကြောင်းနှင့် နောက်နောင် ယခုကဲ့သို့ကိစ္စမျိုး ထပ်မံ မဖြစ်စေရန် အသိပေး၍ လက်မှတ်ရေးထိုးစေခဲ့ကြောင်း ဖြေကြားထားသည်။

ယခု ဖြစ်စဉ်သည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲ ယခုကဲ့သို့ ပြဿနာမျိုး ထပ်မံမဖြစ်ပွားစေရန် ကျောင်းစည်းကမ်းအတိုင်း ဆောင်ရွက်နေပါကြောင်းနှင့် စုံစမ်းဆဲ အမည်မသိ အကောင့်(Account)တစ်ခုက ယခင်နှစ် ဗီဒီယိုဖိုင်အား ၁၈-၆-၂ဝ၂၅ ရက်နေ့ တွင် Social media ပေါ်သို့ ထပ်မံတင်ပြခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသူများ ၁၈-၁၁-၂ဝ၂၄ရက်နေ့တွင် ရန်ဖြစ်သည့်ဗီဒီယိုဖိုင် Social media ပေါ်၌ ၁၈-၆-၂ဝ၂၅ ရက်နေ့တွင် ပျံ့နှံ့နေသည့်ကိစ္စနှင့်စပ်လျဉ်း၍ ၁၉-၆-၂၀၂၅ ရက်နေ့တွင် မြောင်းမြခရိုင် ပညာရေးမှူး ဦးဌေးဝင်း ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သော ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ဖြင့် ဖြစ်စဉ်အား စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားထားသည်။

ပညာရေးဝန်ကြီးဌာနမှ ပြန်လည်ဖြေကြားခြင်း မပြုမီ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ဟု မမှန်မကန် ရေးသား၍ လူမှုကွန်ရက်ပေါ် ဖြန့်ဝေထားသည်စာမှာလည်း အများပြည်သူကြား ပျံ့နှံ့လျက်ရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)