ရုရှားက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ လက်ခံနေတယ်လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ လက်ခံနေတယ်လို့ ဆို

 


ဇွန် - ၁၉ ( ကြာသပတေးနေ့ ) 

ရုရှားသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နေပေမဲ့ စမတ်ကျပြီး နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်သစ်များ ဖော်ထုတ်ရန် အာရုံစိုက်ထားတယ်လို့ ဒုတိယဝန်ကြီးချုပ် ဒန်နစ်မန်တူးရောဗ့် က ပြောကြားခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (SPIEF 2025) မှာပြောတဲ့ မိန့်ခွန်းမှာ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ရှိနေပေမဲ့ ရုရှားမှာရှိတဲ့ နိုင်ငံခြားကုမ္ပဏီအများစုက ပုံမှန်လည်ပတ်နေကြောင်း မန်တူးရောဗ့် က ပြောကြားခဲ့ပါတယ်။ အဆိုပါကုမ္ပဏီများသည် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွင် ရင်းနှီးမြှုပ်နှံမှုများပြီး ရုရှားဈေးကွက်တွင် ၎င်းတို့ရဲ့နေရာများကို ဆက်လက်ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းများဖြင့် လည်ပတ်လုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ 

ဒုတိယဝန်ကြီးချုပ်၏ ပြောကြားချက်အရ အနာဂတ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် ရှင်းလင်းသော စီးပွားရေး စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး ထုတ်လုပ်မှု စွမ်းရည်ကို တိုးချဲ့ရုံသာ ကျော်လွန်သွားသင့်တယ်လို့  ပြောသွားပါတယ်။  မန်တူရော့ဗ်က ရုရှားသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ပယ်ချမည်မဟုတ်ကြောင်း ထပ်လောင်းပြောကြားခဲ့သော်လည်း ပိတ်ဆို့မှုများအောက်တွင် ဆက်လက်လုပ်ဆောင်နိုင်မှုနှင့် ရှုပ်ထွေးသောစီးပွားရေးပြဿနာများအတွက် ပြည်တွင်းဖြေရှင်းချက်များကို ရှာဖွေရန် နိုင်ငံ၏ စွမ်းရည်ကို မီးမောင်းထိုးပြခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)