ပုသိမ်ကြီးမြို့နယ်တွင်၂၀၂၅ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်ကြီးမြို့နယ်တွင်၂၀၂၅ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရာသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုအားပေး




ပုသိမ်ကြီး၊ ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ Grade -12 ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင် ဘာသာရပ် ဖြေဆိုနေမှုအား ယနေ့ နံနက် ၉ နာရီခွဲက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူနှင့်အတူ မြို့မရပ်ကွက်ရှိ အ-ထ-က ပုသိမ်ကြီး စာစစ်ဌာနသို့ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆို နေမှုအား လာရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ စာမေးပွဲ ဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိ သူများက ကျောင်းသား၊ကျောင်းသူများ ဘေးအန္တရာယ်ကင်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြသည်။

ဓာတုဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရာတွင် စာရင်းရှိ ကျောင်းသား ၂၈၆ ဦး၊ ကျောင်းသူ ၄၂၈ ဦး၊ စုစုပေါင်း ၇၁၄ ဦး၊ လာရောက်ဖြေဆိုသူ ကျောင်းသား ၂၈၂ ဦး၊ ကျောင်းသူ ၄၂၀ ဦး၊ စုစုပေါင်း ၇၀၂ ဦး၊ ပျက်ကွက် ၁၂ဦး ရှိပြီး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၉၈.၄၂ ရှိပြီး၊ ပထဝီဝင်ဘာသာရပ် ဖြေဆိုရာတွင် စာရင်းရှိ ကျောင်းသား ၁၁ဦး၊ ကျောင်းသူ ၂၇ဦး၊ စုစုပေါင်း ၃၈ ဦး၊ လာရောက်ဖြေဆိုသူ ကျောင်းသား ၁၁ဦး၊ ကျောင်းသူ ၂၇ဦး၊ စုစုပေါင်း ၃၈ဦး ပျက်ကွက်မရှိ လာရောက်ဖြေဆို၍ ဖြေဆိုမှု ရာခိုင်နှုန်း ၁၀၀ ရှိကာ ပုသိမ်ကြီးမြို့နယ်တွင် စာစစ်ဌာန အ-ထ-က ပုသိမ်ကြီး၊ အ-ထ-က အုန်းချောတို့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)