တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်တော့ မြောက်ကိုရီးယားက ဒုံးကျည်ပစ်ပြ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်တော့ မြောက်ကိုရီးယားက ဒုံးကျည်ပစ်ပြ


ဇွန် - ၁၉ ( ကြာသပတေးနေ့ ) 

တောင်ကိုရီးယားက အမေရိကန်၊ ဂျပန်တို့နဲ့ ပူးတွဲလေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီးနောက် တစ်ရက်အကြာတွင် မြောက်ကိုရီးယားက ဒုံးကျည်အတွဲလိုက်ပစ်ခတ်မှု ၁၀ ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း ဆိုးလ်စစ်တပ်က ဒီကနေ့ ပြောကြားခဲ့ပါတယ်။ 

ဒုံးကျည်များကို ပြုံယမ်းအနီးရှိ ဆူနန်ဒေသမှ နံနက် ၁၀ နာရီခန့်တွင် ပစ်လွှတ်ခဲ့ကြောင်း ပူးတွဲစစ်ဦးစီးချုပ်ရုံး JSC က သတင်းထောက်များအား ပေးပို့သော စာတိုပေးပို့ချက်တွင်ပါရှိပါတယ်။ 

“အသေးစိတ် အချက်အလက်တွေကို တောင်ကိုးရီးယား-အမေရိကန် ထောက်လှမ်းရေး အာဏာပိုင်တွေက အနီးကပ် ခွဲခြမ်းစိတ်ဖြာနေပါတယ်။ လက်ရှိအနေအထားကတော့ လုံခြုံရေး အခြေအနေအရ အသေးစိတ် အချက်အလက်တွေ ကို မထုတ်ပြန်နိုင်သေးပါဘူး။ မြောက်ကိုရီးယားရဲ့ လမ်းကြောင်းအမျိုးမျိုးကို အနီးကပ် စောင့်ကြည့်နေပါတယ်” လို့ JCS က ပြောကြားခဲ့ပါတယ်။ 

အဆိုပါ ဒုံးကျည်များကို ပင်လယ်ဝါဘက်သို့  ဦးတည်ပစ်ခတ်ခဲ့ပြီး ၂၄၀ မမ  ဒုံးပစ်လောင်ချာများမှ ပစ်ခတ်ခဲ့ကြောင်း ယွန်ဟတ် သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ အဲ့ဒိလောင်ချာတွေကို မြောက်ကိုရီးယားက ရုရှားကို ရောင်းဖို့အတွက် ပြီးခဲ့တဲ့နှစ်ကတည်းက ဈေးဆိုင်ထားပြီးသားဖြစ်ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)