ဇွန် - ၁၉ ( ကြာသပတေးနေ့ )
ပြီးခဲ့တဲ့လက ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ် မြတြိဂံဒေသမှာ ၂ နိုင်ငံစစ်တပ်တွေ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုတွေ ဖြစ်ခဲ့လို့ ကမ္ဘောဒီးယားဘက်က စစ်သားတစ်ဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြား နိုင်ငံရေး တင်းမာမှုတွေ ဖြစ်ကာ နယ်ခြားစည်းပြဿနာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
ကမ္ဘောဒီယားဘက်က အဲ့ဒိကိစ္စကို နိုင်ငံတကာတရားရုံး ICCကို တင်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းဝန်ကြီးချုပ် ပေတွန်တန် ရှင်နာဝပ်နဲ့ ကမ္ဘောဒီယားအထက်လွှတ်တော် ဥက္ကဋ္ဌတို့ ဖုန်းဆက်ပြောဆိုပြီးနောက်မှာတော့ ပြဿနာက ပြေလည်သလောက်ဖြစ်ခဲ့ပါတယ်။ သူတို့ ၂ယောက် အပြန်အလှန်ပြောစကားက ဖေ့စ်ဘုတ်ပေါ်မှာ ကမ္ဘောဒီယား ထိပ်တန်းအရာရှိတစ်ဦးကြောင့် ပေါက်ကြားသွားခဲ့ရပါတယ်။
အပြန်အလှန်ပြောစကားထဲမှာ ပေတွန်တန်က ဟွန်ဆန်ကို ဦးလေးလို့ ခေါ်တာ နဲ့ ထိုင်းစစ်တပ်မကောင်းဘူး လို့ ပြောတာတွေ ပါလာခဲ့ပါတယ်။ ထိုင်းစစ်တပ်အရာရှိတစ်ဦးရဲ့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားမှုကိုလည်း နားမထောင်ဖို့အတွက် ပြောတာတွေလည်းပါပါတယ်။
အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းညွှန့်ပေါင်း အစိုးရမှ ပါတီအချို့က အစိုးရအဖွဲ့မှနှုတ်ထွက်ကြောင်း စာတင်ခဲ့ပါတယ်။ ညွှန့်ပေါင်း အစိုးရအဖွဲ့ပျက်သွားခဲ့ပါက ထိုင်းမှာ ရွေးကောက်ပွဲ ပြန်လုပ်ရမှာပဲ ဖြစ်ပါတယ်။ ပေတွန်တန် ရဲ့ ဖြူထိုင်းပါတီက အစိုးရအဖွဲ့ကို ထိန်းချုပ်နိုင်ဖို့အလွန်ခက်ခဲ သွားမှာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား ထိပ်တန်းအရာရှိတစ်ဦးဆီမှ ပေါက်ကြားခဲ့သည့် နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်ကြား စကားပြောဆိုမှုနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားအစိုးရထံ ကန့်ကွက်စာတစ်စောင် ပေးပို့မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာခဲ့ပါတယ်။
"ကမ္ဘောဒီးယားဘက်ကို ဒီလုပ်ရပ်နဲ့ပတ်သက်ပြီး လုံးဝလက်မခံနိုင်ပါဘူး။ ဒါဟာ သံတမန်ကျင့်ဝတ်ကို ဖောက်ဖျက်ပြီး၊ ယုံကြည်မှုကို ပြင်းထန်စွာ ချိုးဖောက်ပြီး အိမ်နီးချင်းနှစ်နိုင်ငံကြား အပြုအမူကို ပျက်ပြားစေပါတယ်" လို့ ထိုင်းအေဂျင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဟွန်ဆန်သည် အနှစ် ၄၀ နီးပါး ကမ္ဘောဒီးယား ထိပ်တန်း ခေါင်းဆောင် ဖြစ်ခဲ့ကာ၂၀၂၃ ခုနှစ်တွင် ရာထူးမှ နုတ်ထွက်ပြီး ၎င်း၏သား ဟွန်မာနက်ကို တာဝန်ယူစေခဲ့သော်လည်း သြဇာကြီးမားသော နိုင်ငံရေးပုဂ္ဂိုလ်အဖြစ် ရှိနေသေးပါတယ်။ သူသည် ပေတွန်တန် ၏ဖခင် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နဝပ် ၏ ကာလကြာရှည် မဟာမိတ်တစ်ဦး ဖြစ်ပါတယ်။
REF: UPI
https://t.me/MyanmarNationalPost
No comments:
Post a Comment