ထရမ့်က အမေရိကန်စစ်တပ် အီရန်ကို တိုက်ခိုက်ရန်အစီအစဉ်အား ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း လတ်တလောတွင် အမိန့်မထုတ်ပြန်သေးကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်က အမေရိကန်စစ်တပ် အီရန်ကို တိုက်ခိုက်ရန်အစီအစဉ်အား ခွင့်ပြုလိုက်ပြီဖြစ်သော်လည်း လတ်တလောတွင် အမိန့်မထုတ်ပြန်သေးကြောင်း ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာဆို


ဝါရှင်တန်၊ ဇွန် ၁၉ 

အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် အမေရိကန်စစ်တပ် အီရန်ကို တိုက်ခိုက်ရန်အစီအစဉ်အား ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း၊ သို့သော် အီရန်အနေဖြင့် နျူကလီးယားစီမံကိန်းများကို စွန့်လွှတ်မည်/မစွန့်လွှတ်မည်ကို စောင့်ကြည့်ရန် လတ်တလောတွင် အမိန့်မထုတ်ပြန်သေးကြောင်း ဇွန် ၁၇ ရက် ညပိုင်းက ၎င်း၏ အကြီးတန်းလက်ထောက်အား ပြောကြားခဲ့သည်ဟု The Wall Street Journal က အဆိုပါကိစ္စနှင့်နီးစပ်သူ သုံးဦး၏ ပြောကြားချက်ကို ကိုးကား၍ ဇွန် ၁၈ ရက်တွင် ဖော်ပြထားသည်။

အီရန်အပေါ် အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုတွင် ပါဝင်မည်ဟု ခြိမ်းခြောက်ခြင်းမှတစ်ဆင့် နျူကလီးယားစီမံကိန်း စွန့်လွှတ်ရန် အီရန်ကို ထရမ့်က ဖိအားပေးလိုကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထရမ့်သည် ဇွန် ၁၇ ရက် ညနေပိုင်းက အိမ်ဖြူတော်တွင် အမျိုးသားလုံခြုံရေးအဖွဲ့ အစည်းအဝေးကျင်းပခဲ့ပြီး အစ္စရေးနှင့် အီရန် ဆက်တိုက်ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအကြောင်း ဆွေးနွေးခဲ့သည်။ အီရန်အပေါ် အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွင် ပါဝင်ခြင်း အပါအဝင် ရွေးချယ်စရာများစွာကို ထရမ့် စဉ်းစားနေကြောင်း အမေရိကန်မီဒီယာများက ဖော်ပြထားသည်။

အမေရိကန်က အရှေ့အလယ်ပိုင်းဒေသ၌ ၎င်း၏ “ကာကွယ်ရေးအနေအထား” ကို အားဖြည့်ရန်အတွက် ယင်းဒေသတွင် ပိုမိုများပြားသော စစ်ရေးအင်အား ဖြန့်ကြက်လျက်ရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth က ဇွန် ၁၆ ရက်တွင် ပြောကြားခဲ့သည်။

ဇွန် ၁၃ ရက် နံနက်ပိုင်းမှစ၍ အစ္စရေးသည် အီရန် ဒေသအများအပြားသို့ လေကြောင်းတိုက်ခိုက်မှု အကြီးအကျယ် လုပ်ဆောင်ခဲ့ပြီး အီရန်နျူကလီးယား အဆောက်အဦများနှင့် စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံးဒဏ်ရာရမှုဖြစ်ခဲ့သည်။ လက်တုံ့ပြန်သည့်အနေဖြင့် အီရန်ဘက်က အစ္စရေးနယ်နိမိတ်အတွင်းရှိ ပစ်မှတ်အမျိုးမျိုးကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် အကြိမ်များစွာ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ 


REF: (Xinhua)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)