ကော်ဖီက အသက်ရှည်ဆေးပါ ၊ ဒါပေမဲ့ သကြားမများဖို့လိုတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော်ဖီက အသက်ရှည်ဆေးပါ ၊ ဒါပေမဲ့ သကြားမများဖို့လိုတယ်


ဇွန် - ၂၁ (စနေနေ့)

နေ့စဉ် ကော်ဖီတစ်ခွက် သို့မဟုတ် နှစ်ခွက်သောက်ခြင်းက သင့်အသက်ကို ပိုရှည်စေနိုင်ပါတယ်- ဒါပေမယ့် ခရင်မ်တွေ နဲ့ သကြားတွေကို ရှောင်သွားမှသာဖြစ်နိုင်တယ်လို့ သုတေသနအသစ်က အကြံပြုထားပါတယ်။

The Journal of Nutrition တွင် ထုတ်ဝေတဲ့ သုတေသနပြုချက်အရ ဘလက်ကော်ဖီ  သို့မဟုတ် သကြားအနည်းငယ်နှင့် ပြည်ဝဆီ ပါတဲ့ ကော်ဖီသည် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ နည်းပါးကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် လူတွေက ကော်ဖီကို အချိုဓာတ် ဒါမှမဟုတ် ခရင်မ်တွေ အများကြီး သောက်တဲ့အခါ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပျောက်ကွယ်သွားပါတယ်။

"ကော်ဖီက ကမ္ဘာပေါ်မှာ လူသောက်အများဆုံး ယမကာများထဲမှ တစ်ခုဖြစ်ပြီး အမေရိကန် အရွယ်ရောက်ပြီးသူ ထက်ဝက်နီးပါးလောက်က တစ်နေ့လျှင် အနည်းဆုံး တစ်ခွက် သောက်သုံးကြောင်းသိရပါတယ်။ ဒါကြောင့် ကော်ဖီရဲ့ အရေးပါမှုကို ဆန့်စစ်ဖို့လိုတဲ့အတွက်ကြောင့် လက်ရှိဖော်ပြတဲ့ အစီရင်ခံစာကို ရေးသားရတာလို့ သုတေသီတွေက ဆိုပါတယ်။  သုတေသီများက ၁၉၉၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း အမျိုးသားကျန်းမာရေး စစ်တမ်းများတွင် ပါဝင်ခဲ့သည့် အမေရိကန် အရွယ်ရောက်ပြီးသူ ၄၆၀၀၀ ကျော်ထံမှ အချက်အလက်များကို လေ့လာခဲ့ပါတယ်။ ၎င်းတို့သည် ကဖင်းဓာတ်ပါသော သို့မဟုတ် decaf သောက်သုံးသော ကော်ဖီအမျိုးအစားများနှင့် သကြားနှင့် ပြည့်ဝဆီမည်မျှ ထည့်ထားသည်ကို ဆန်းစစ်ခဲ့ပါတယ်။

တစ်နေ့လျှင် ကဖင်းဓာတ်ပါသော ကော်ဖီတစ်ခွက် အနည်းဆုံးသောက်ခြင်းသည် အရွယ်မတိုင်မီ သေဆုံးနိုင်ခြေ ၁၆ % လျော့နည်းစေပါတယ်။  တစ်နေ့ကို နှစ်ခွက်ကနေ သုံးခွက်လောက် သောက်တာက ဖြစ်နိုင်ချေ ၁၇ ရာခိုင်နှုန်း လျော့ကျစေတယ်။ ကော်ဖီနှင့် ကင်ဆာသေဆုံးမှုကြား ရှင်းရှင်းလင်းလင်း ဆက်စပ်မှု မတွေ့ရှိရပါ။

ဘလက်ကော်ဖီ သောက်သုံးသူများ (သို့) သကြားနှင့် ပြည့်ဝဆီ ပမာဏနည်းသော ကော်ဖီကို သောက်သုံးသူများ သည် အကျိုးအရှိဆုံးလို့  သုတေသီများက ပြောပါတယ်။  လေ့လာမှုတွင် သကြားနည်းတယ် ဆိုတဲ့ စကားရပ်က လက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို ၈ အောင်စ ခွက် တစ်ဝက်ခန့်လို့ သတ်မှတ်ခဲ့ပါတယ်။ အဆီနည်းသော ခွက်တစ်ခုလျှင် ၁ ဂရမ်ခန့် - နို့ ၂ % ၅ ဇွန်း သို့မဟုတ် ခရင်မ် ၁ ဇွန်းနှင့် ညီမျှတယ်လို့ ပြောပါတယ်။  တွေ့ရှိချက်က ကော်ဖီသည် ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ တွင် ပါဝင်နိုင်သည်ဟူသော အယူအဆကို ထောက်ခံပြီး သကြားနှင့် ခရင်မ်မည်မျှ ထည့်တယ်ဆိုတာကိုတော့ သတိထားသင့်တယ် လို့ ဆိုပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)