ကြံခင်း၊ ဇွန် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်တွင် မိုးစပါးပန်းတိုင် အထွက်နှုန်း တိုးစေရေး ပေါင်ပျိုးစနစ်ဖြင့် တောင်သူ ဒေါ်ညွန့်ညွန့်မူ လယ်မြေ ၁.၅၀ ဧကတွင် ယနေ့ နံနက်ပိုင်းက စိုက်ပျိုးနေမှုအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးမှူးတို့က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါ ကွင်းအမှတ်၊ 1.C ၊ ရေဖြူကန်အရှေ့၊ ဦးပိုင်- ၈/၁၊ တောင်သူ ဒေါ်ညွန့်ညွန့်မူ၏ လယ်မြေ ၁.၅၀ ဧကတွင် ဆင်းသုခ စပါးမျိုးအား ကောက်စိုက်လုံမေများဖြင့် စိုက်ပျိုးနေမှုအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာ၊ မြို့နယ်မြေစာရင်းဦးစီးဌာန နှင့် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်း တို့က ကြည့်ရှုအားပေးကြပြီး တောင်သူများအား ကြဲခင်းစနစ် လျော့နည်းပပျောက်ရေး အသိပညာပေးခဲ့ကြ ကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment