ရွှေပြည်သာမြို့နယ်၌ ရပ်ကွက်နေပြည်သူများအား ကြက်ဥတစ်လုံး (၃၆၅) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေပြည်သာမြို့နယ်၌ ရပ်ကွက်နေပြည်သူများအား ကြက်ဥတစ်လုံး (၃၆၅) ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေး


ရွှေပြည်သာ  ၊ ဇွန် ၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ‌ရွှေပြည်သာမြို့နယ်ရှိ ပြည်သူများ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ မြန်မာနိုင်ငံ‌မွေးမြူ‌ရေး လုပ်ငန်းရှင်များ အသင်းချုပ်တို့ ပူးပေါင်း၍ ကြက်ဥများအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက် အမိုးကြီးဈေး၊ အမှတ်(၁၁)ရပ်ကွက်သံဒင်းဈေးတို့တွင် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရပ်ကွက်နေပြည်သူများအား ကြက်ဥတစ်လုံးလျှင် (၃၆၅) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ကြက်ဥ ၁၀ လုံး ဖြင့်ကြက်ဥ အလုံးရေ (၁၉၀၀၀၀) လုံးကို ရောင်းချပေးခဲ့သည်။

အဆိုပါရောင်းချနေမှုကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


နေမျိုးထွန်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)