ကြံခင်း၊ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာ ၁၂၂ ကျောင်းတွင် ရာနှုန်းပြည့် ကျောင်းအပ်နှံပြီးစီးရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင် ဦးဆောင်၍ တာဝန်ရှိသူများက သက်ဆိုင်ရာ နယ်မြေအလိုက် ပူးပေါင်း၍ ကွင်းဆင်းစည်းရုံး ကူညီဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးကျော်ကျာ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးများ၊ စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ လမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ကျောင်းအုပ် ကြီးများနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အခြေခံပညာကျောင်းများ နှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် ကျောင်းအပ်နှံရန်လိုအပ်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ခေါ်ယူတွေ့ဆုံခြင်း၊ နေအိမ်များသို့ သွားရောက်ပြီး လိုအပ်သည် အခက်အခဲများ မေးမြန်းကာ ကျောင်းအပ်နှံရေးအတွက် လိုအပ်သည့်အကူအညီများကို ဆောင်ရွက်ပေးနိုင်ရန် အရှိန် အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသည်။
ကြံခင်းမြို့နယ်တွင် အခြေခံပညာကျောင်း ၁၂၂ ကျောင်း ပိုယ်ပိုင်အထက်တန်းကျောင်း ၁ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘက) ၂ ကျောင်း တို့တွင် ကျောင်းသား ၆၈၇၀ ဦး၊ ကျောင်းသူ ၆၇၈၀ ဦး စုစုပေါင်း ၁၃၆၅၀ ဦး၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (ချင်းမြောင်)တွင် ကျောင်းသား ၁၀၄ ဦး၊ ကျောင်းသူ ၂၄ ဦး စုစုပေါင်း ၁၂၈ ဦးအား မေလ ၃၁ ရက်နေ့ ထိ ကျောင်းအပ်နှံ လက်ခံပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment