ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော် မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်း များအတွက် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော် မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်း များအတွက် ဆရာတော်ကြီးများထံမှ ဩဝါဒခံယူ


နေပြည်တော်၊ ဇွန် ၃

ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်မြတ်ကြီးနှင့် သာသနိက အဆောက်အအုံ များ ဘက်စုံပြုပြင်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းများအတွက် ဆရာတော်ကြီးများအား လျှောက်ထားခြင်းနှင့် ဆုံးမဩဝါဒခံယူခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော် မြတ်ကြီး၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သောဠသမ ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တက်ရောက်လာ ကြသူများက သီတဂူဆရာတော် ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူ တစ်ဦးတို့က ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးမှုများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များနှင့် စေတနာရှင် ပြည်သူများက စုပေါင်းဖယ်ရှား ရှင်းလင်းပြီးစီးမှုများနှင့် ဘက်စုံပြုပြင်မွမ်းမံပြင်ဆင် တည်ဆောက်မည့် လုပ်ငန်းအစီအမံများကို ဆရာတော်ကြီးများထံ ရှင်းလင်းလျှောက်ထားတင်ပြကြပြီး ဩဝါဒခံယူ ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)