တိုက်ကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့နေမှုကို မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ပြိုလဲ၍ လမ်းပိတ်ဆို့နေမှုကို မီးသတ်တပ်ဖွဲ့ဝင်များ ဖယ်ရှားရှင်းလင်း


တိုက်ကြီး ၊ ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ဇွန်လ ၃ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းကုန်းကျေးရွာအုပ်စု၊ ရေအေးကျေးရွာ၊ ဂျိုးဖြူကန်လမ်းမကြီးပေါ်သို့ သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့သည်။

သစ်ပင်လဲကျမှု ဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူး ဦးဇော်ချစ်ထက်ကြီးကြပ်မှုဖြင့် ဒုတိယမီးသတ်ဦးစီးမှူး ဦးဖြိုးဝေဇော်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၈ ဦးတို့က ဂျိုးဖြူပိုက်လိုင်းပေါ်တင်၍ ကားလမ်းမပေါ်သို့လဲကျနေသော ညောင်ပင်အား ခုတ်ထွင်ရှင်းလင်း ဖယ်ရှားဆောင်ရွက်ပေးခဲ့သဖြင့် လမ်းသွားလမ်းလာများ သွားလာနိုင်ပြီဖြစ်သည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။


ဝတ်ရည် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)