တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

 



ထားဝယ်  ၊ ဇွန် ၆


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အလွတ်တန်း (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနာကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရီအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်အား စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်းများက အလေးပြုပြီးတန်းအပ်သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အလွတ်တန်း(အမျိုးသား) ဘောလုံးပြိုင်ပွဲသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ရန် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ဘောလုံးအသင်း လေ့ကျင့်ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားနိုင်ရေးအတွက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ ဘောလုံးသမားများအနေဖြင့် ပြိုင်ပွဲများ အဆက်မပြတ် ယှဉ်ပြိုင်ကစားနေရေးနှင့် တိုင်းဒေသကြီး ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာရေးအတွက် ရည်ရွယ်ကျင်းပသည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်ကြောင်း၊ ဘောလုံးအားကစားသမားလူငယ်များ ဖော်ထုတ်သွားနိုင်ရန်၊ အားကစားနည်းတစ်ခုကို စိတ်ပါဝင်စားစွာ


လိုက်ပါကစားရင်းဖြင့် လူငယ်လူရွယ်များချစ်ကြည် ရင်းနှီးမှုရရှိပြီး စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်ရန်၊ ဘောလုံးအားကစားနည်းကို ပြည်သူတစ်ရပ်လုံး နိုးကြားတက်ကြွစွာ အားပေးလာခြင်းဖြင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး ဘောလုံးအားကစား အဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရေးမှာ အထောက်အကူပြု နိုင်ရေးအတွက်ကိုလည်း ရည်ရွယ်ပြီး ကျင်းပပေးခြင်းလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဘောလုံးအားကစားနည်းတွင် (၂၀၁၈)ခုနှစ်အတွင်း ကျင်းပသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု၊ အသက်(၁၉)နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲတွင် တတိယဆုနှင့် အသက်(၂၁)နှစ်အောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲမှာ ပထမတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးရရှိခဲ့သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီးဖြစ်ကြောင်း၊ ဘောလုံးအားကစားသမားတွေအနေဖြင့် အရည်အချင်းပြည့်ဝသည့် တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများ ဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကစားကြရန် လိုအပ်ကြောင်း ပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများအား ငွေကျပ် ၃ သိန်းစီနှင့် ဘောလုံးများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ အမျိုးသားတနင်္သာရီ အသက်(၁၈)နှစ်အောက် ဘောလုံးအသင်းနှင့် Young (FC) အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးရာ တနင်္သာရီ အသက် (၁၈)နှစ်အောက် ဘောလုံး အသင်းက(၅)ဂိုး(၁)ဂိုးဖြင့် အနိုင်ရရှိသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အလွတ်တန်း(အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် အမျိုးသား (၆)သင်း တို့က ဇွန်လ ၁၆  ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရသည်။


ကျော်ကျော်လတ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)