ကျောက်ပန်းတောင်း-ချောက်ကားလမ်းမှ တံခါးမ-ရွာပု ကျေးရွာအဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်း-ချောက်ကားလမ်းမှ တံခါးမ-ရွာပု ကျေးရွာအဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး




ကျောက်ပန်းတောင်း  ၊ ဇွန် ၆


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျောက်ပန်းတောင်း-ချောက် ကားလမ်းမှ တံခါးမ-ရွာပု  ကျေးရွာ အဝင်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း စတင်ဆောင်ရွက်နေမှုကို ယမန်နေ့ မွန်းလွဲ(၂:၃၀)နာရီက ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ‌ညောင်ဦးခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးစိုးဝင်းနှင့် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေ ကျပ် ၁၂၄ ဒသမ ၇၆၃ သန်းဖြင့် ကျောက်ပန်းတောင်း-ချောက် ကားလမ်းမှ တံခါးမ- ရွာပု ကျေးရွာ အဝင်လမ်း၊ အရှည် ၅ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မ ရှိ, ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် မြေနေရာ စတင်ရှင်းလင်းခြင်း ဆောင်ရွက်နေမှု အခြေအနေများကို၊ ကြည့်ရှုစစ်ဆေးပြီး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးဝင်းက လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်း ပြည့်မီရေးနှင့် သတ်မှတ်ချိန်အမီ ပြီးစီးအောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


နေအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)